Wolf Hound

MM Sub

 





ဟုတ်ကဲ့ စစ်ကားကြိုက်သူများအတွက် ၂၀၂၂အသစ်ထွက် စစ်ကားလေးကို တင်ဆက်ပေးသွားမှာပါ။

ဇာတ်ကားကို စစဖွင့်လိုက်ချိန်မှာ နေဝန်းထဲကို လေယာဉ်သုံးစင်းပျံသွားတာကို တွေ့ရမှာပါ။

ဒီအခန်းကို ကျွန်တော် တော်တော်ရင်းနီးနေပါတယ်။ ဆက်ပျံပြနေပါတယ်။ ရင်းနီးနေပါတယ်။ ဟော သိလိုက်ပါပြီ။

ဘယ်တော့မှ ဘတ်ဂျက်မနိုင်တဲ့ ကမ္ဘာကျော် ဒါရိုက်တာကြီး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ ဒစ်အလည်ခဲ့ဆုံး ရုပ်ရှင်မှာ တွေ့ဖူးတာပါ။

Apocaplyse Nowဆိုတဲ့ ရုပ်ရှင်မှာ ဒီလိုခပ်ဆင်ဆင်အခန်းမျိုးပါပါတယ်။

စစ်ကားချင်းလည်းတူတာဆိုတော့ Apocaplyse Nowလိုများ မာစတာ့ မာစတာပိစ်ဖြစ်သွားမလား ဆက်ကြည့်ကြည့်ပါတယ်။

အဲဒီအချိန်မှာပဲ ဇာတ်ကားနာမည်ကြီးကို နေထွက်တဲ့ဘက်မှာ စာတန်းထထိုးပါတယ်။ WOlF HOUNDတဲ့။

စာလုံးပုံစံကိုက အထင်ကြီးစရာပါပဲ။ တော်တော်ခက်ခက်ခဲခဲလုပ်ယူရမှာ။

ငယ်ငယ်က ကျားကုတ်ကျားခဲကလိဖူးတဲ့သူတွေတော့ သိကြမှာပါ။

မိုက်ခရိုဆော့ ပါဝါပွိုင့်ထဲက 3D EFFECT ရယ် SHADOW EFFCT ရယ်ကိုသုံးထားတာပါ။ လုံးဝကွက်တိချွတ်စွတ်ပါပဲ။

ပေါကားတော့မဟုတ်လောက်ပါဘူး။ အမြင်သစ်နဲ့လုပ်ထားတာပဲဖြစ်မှာပါလေဆိုပြီး ကျွန်တော်ဆက်ကြည့်ကြည့်ပါတယ်။လေယာဉ်တွေ ပစ်ပါတယ်။ ခတ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကားဆိုတော့ နာဇီတွေနဲ့ချတာပါ။

ဘာလို့ချတယ် ဘယ်လိုချတယ်တော့ မပြောတော့ဘူးလေနော့။ အကုန်ပြောမိလို့ တစ်ယောက်မှမကြည့်တော့ရင် အလုပ်ကပြုတ်ဦးမယ်။ဒီနားကတော့ ကြည့်ရအသေရှုပ်နေပေမဲ့ စစ်ကားကြိုက်ရင်ကြည့်ရတာ သဘောကျကြမယ်ထင်တာပါပဲ။ လေယာဉ်တွေချကြတာကိုး။

Top Gunအကြို ကြည့်ထားပေါ့ဗျာ။ လေယာဉ်ငှားရတန်အောင်လားတော့ မသိဘူးဗျ။

ကားစဖွင့်ကတည်းက ပျံလိုက်တဲ့လေယာဉ် မိနစ်၂၀အကြာမှ ပျက်ကျပါတယ်။

စပွိုင်းသလိုဖြစ်သွားရင်တော့ ဆောရီးဗျာ။ အခုမှမိနစ်၂၀မလား။

ပျက်ကျပြီး နာဇီတွေအဖမ်းခံရတဲ့ကောင်တွေက ခံရပါတယ်။ အဲတစ်ကောင်တော့ လွတ်သဗျ။ ဟိုဘက်ရပ်ကွက်က ကပ္ပတိန်အမေရိကဆိုက်နဲ့ ဘဲပါ။

ကပ္ပတိန်အမေရိက ဘာဆက်ဖြစ်မလဲတော့ မပြောတော့ပါဘူး။ ကိုယ်တိုင်ပဲကြည့်လိုက်ပါတော့။

ဒီလောက်ကောင်းတဲ့ ဇာတ်လမ်းဖြစ်ကြောင်း အမွှန်းတင်ပြောပြပြီးပြီဆိုတော့ အားလုံးပဲကြည့်ချင်နေလောက်ပါပြီ။

ကြည့်ရှုခံစား အဆဲပွားကြလိုက်ပါဦး။ တစ်ယောက်တည်း စိတ်ဆင်းရဲမခံနိုင်လို့ အများနဲ့တကွ စိတ်ဆင်းရဲရဖို့ တင်ဆက်လိုက်ပါတယ်။

Genre….. Action, Adventure, War

Quality…. 1080p | 720p | 480p

File size… 1.4GB | 1GB | 288MB

Format… mp4

Duration…. 2h 10min

Subtitle…. Myanmar Subtitle (Hardsub)