Hatching (2022)

MM Sub





 

ဖင်လန် ဟော်ရာကားတစ်ကားလောက် ကြည့်ရအောင်ဗျာ။

နာမည်က Hatching တဲ့။

အဓိပ္ပါယ်ကတော့ ဥကနေ အကောင်ဖောက်ခြင်းပေ

ဒီဇာတ်လမ်းဟာ မိသားစုတွေရဲ့ဖိအားနဲ့ ကလေးတစ်ယောက်ရဲ့

စိတ်ပူပန်မှုတွေကို ကြောက်စရာတင်စားပြထားတဲ့ကား

အထူးအဆန်းမျိုးပါပဲ။ တင်ညာဆိုတဲ့ ကျွမ်းဘားမယ်

ကလေးမလေးဟာ တစ်နေ့မှာ ငှက်သေတစ်ကောင်ရဲ့အသိုက်ကနေ

ထူးဆန်းတဲ့ ငှက်ဥလေးတစ်လုံးကို တွေ့လာခဲ့တယ်။ အဲဒီဥလေးကို အပူပေးပြီး အကောင်ပေါက်အောင်ကြိုးစားရင်းနဲ့

ဖြစ်ရပ်တစ်ခုကြောင့် အကောင်မပေါက်ခင် ဥဟာ ကြီးကြီးလာခဲ့တယ်။

ပေါက်လာတော့လည်း လူလိုလိုငှက်လိုလို ကလေးအရွယ်

အကောင်အဆန်းတစ်ကောင်ဖြစ်နေပြီး တင်ညာရဲ့အနားကနေ

ဘယ်မှမသွားတော့ဘူး။ တင်ညာကလည်း သူ့ကို

ကလေးလေးလို စောင့်ရှောက်နေရင်နဲ့

ကြောက်စရာကောင်းတဲ့ ထူးခြားမှုတွေ တွေ့လာတဲ့အခါ…

ဆက်ကြည့်လိုက်ပါ။ ပြီးရင်

နောက်ကွယ်က မက်ဆေ့လေးကိုလည်း စဉ်းစားကြည့်လိုက်ပါဦး။