The Target (2014)

MM Sub


ဒီကိုရီးယားကားကတော့ Action/Thriller ထဲမှာ တော်တော်ကောင်းတဲ့ကားမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။

မင်းသားမင်းသမီးတွေကလဲ Ryu Seung-ryong,Lee Jin-wook,Cho Yeo-jeong တို့လို တကယ့်နာမည်ကြီးဖိုက်တာတွေချည်းပါပဲ…

 ဇာတ်လမ်းကတော့

မမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့် ထွက်ပြေးလာရတဲ့ သူက ကားတိုက်မှုနဲ့ ဆေးရုံရောက်လာခဲ့တယ်။ 

အဲဒီနောက်မှာတော့ ထပ်ပြီးမမျှော်လင့်စရာကောင်းတာက 

ကုပေးရတဲ့ ဆရာဝန်ပါ။ 

သူ့ရဲ့ဇနီးကို အကြပ်ကိုင်မှုနဲ့အတူ ဆေးရုံကို 

ဘယ်ကနေဘယ်လို ဘယ်ကိစ္စကြောင့်ရောက်လာမှန်းမသိတဲ့သူကို ကယ်ထုတ်ရပါတယ်။ 

ဒီကြားထဲမှာလဲ ကိုရီးယားရဲတွေ၊ စုံထောက်တွေ၊ 

ထောက်လှမ်းရေးတွေက အဲဒီလူကို 

အသည်းအသန်လိုချင်နေကြတယ်။ 

အကြောင်းအရင်းကတော့ အဆောက်အဦးပိုင်ဆိုင်မှုကိစ္စအရှုပ်တော်ပုံမှာ လူသတ်တရားခံအဖြစ် သံသယရှိလို့ပါတဲ့။ 

ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး သနားဖို့လည်းကောင်း အက်ရှင်ခန်းတွေလည်းကောင်းပါတယ်လို့ ပြောရမယ်။

ကိုရီးယားတို့ထုံးစံအတိုင်း ဇာတ်လမ်းလေးတော့ အနည်းငယ်ရှုပ်သယောင်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ရနေတာကလည်း မမျှော်လင့်ရတာပါပဲ။ ဒါကြောင့် လူသတ်တရားခံအဖြစ် သံသယရှိသူနဲ့ ဆရာဝန်တို့ ဘယ်လို ၂ ပါးသွားကြမလဲ၊ သူတို့ကို ရဲတွေက ဘာကြောင့် အသည်းအသန်လိုချင်နေကြလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com