Pon Manickavel(2021)

MM Sub

ဒီတစ်ခေါက်မှာတော့ နာမည်ကြီးမင်းသား Prab Deva ရဲ့

အကြိမ် ၅၀ မြောက်

သရုပ်ဆောင်မှုဖြစ်တဲ့ တမီးလ်ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ

အရင်ဆုံး ဇာတ်လမ်းအကျဥ်းကို ကြည့်လိုက်ကြရအောင်

 ပွန် မာနီကယ်လ်ဗီဆိုသူက သေနတ်ပစ်တဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့သူဖြစ်ပြီးတော့ နိုင်ငံတကာလေ့ကျင့်ရေးသင်တန်းမှာလည်း

ရွှေတံဆိပ်ဆုရထားတဲ့ ထိပ်တန်း ရဲအရာရှိတစ်ယောက်ဖြစ်ပါတယ်

ဒါမဲ့ ပွန်ဟာ အတိတ်က အမှုတစ်ခုကို စုံစမ်းပြီးတဲ့ချိန်မှာပဲ ရုတ်တရက် ရဲအလုပ်ကနေ

နှုတ်ထွက်ပြီးတော့ ရွာပြန်ပြီး နွားကျောင်းနေပါတော့တယ်

ပွန့်လို ထိပ်တန်းရဲအရာရှိတစ်ဦးက ဘာအကြောင်းကြောင့်

ဒီလိုနှုတ်ထွက်ခဲ့လဲဆိုတာကို ဘယ်သူမှလည်း မသိခဲ့ကြပါဘူး

ဒီလိုနဲ့ တစ်နေ့မှာ နာမည်ကြီး ဗဟိုရုံးကတရားသူ​​ကြီးတစ်ဦး

သဲလွန်စ မကျန်အောင် ရက်ရက်စက်စက်

ပစ်သတ်ခံရလိုက်ရပါတယ်

ဒီအမှုကို စုံစမ်းဖို့အတွက် အထက်က မာနီကယ်လ်ဗီကို တာဝန်ပေးအပ်လိုက်တဲ့အခါ……

ရွာပြန်နွားကျောင်းပြီး အထက်ကတာဝန်ပေးမှ အမှုပြန်စုံစမ်းတဲ့ ပွန်တစ်ယောက်

လက်ဖက်ရည်လေးသောက်လိုက် မိန်းမနဲ့ အချိန်ဖြုန်းလိုက်နဲ့ အမှုကို

အေးဆေးစုံစမ်းနေပြန်တော့ ကျန်တဲ့ အဖွဲ့ဝင်တွေကလည်း သူ့ကို အမြင်မကြည်ကြတော့ပါဘူး

အမှုစုံစမ်းနေရင်းမှာပဲ ဆက်တိုက်ဆိုသလို နာမည်ကြီးစုံထောက်တွေပါ အသတ်ခံနေရတဲ့အခါ…..

ဒီအမှုတွေရဲ့ လူသတ်တရားခံက ဘယ်သူလဲ???

အမှုတစ်ခုနဲ့ တစ်ခုရော ဘယ်လိုတွေဆက်စပ်နေတာလဲ

အတိတ်တုန်းက ပွန့်ကို ရဲအဖြစ်က နှုတ်ထွက်ပြီး ရွာပြန်နွားကျောင်းရတဲ့အထိ

ဖြစ်သွားရတဲ့ အမှုကရော ဘာဖြစ်မှာလဲဆိုတာ အားလုံးပဲ စိတ်ဝင်တစား ကြည့်ရှုပေးကြပါဦးနော်



Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com