India Sweets and Spices (2021)

MM Sub


အရင်ဆုံး ပြောချင်တာက ဒီကားလေးကို လူတိုင်းကြည့်သင့်တယ်လို့ ယူဆမိပါတယ်။
ယောက်ျားပဲဖြစ်စေ၊ မိန်းမပဲဖြစ်စေ ကြည့်ရှုသူအတွက် အယူအဆသစ်၊ အတွေးသစ်ကို
ပေးစွမ်းနိုင်တဲ့ ဇာတ်လမ်းမျိုးလို့ 

စာရေးသူတော့ထင်မိပါတယ်။


 

ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပါပဲ

နွေရာသီ တက္ကသိုလ် ကျောင်းပိတ်ရက်မှာ အိမ်ကို အလည်ပြန်လာတဲ့ ကောင်မလေးတစ်ယောက်
လူငယ်ရေးရာ၊ မိသားစုရေးရာ ပြဿနာကို ကြုံလာရတဲ့အခါ
ဒီ ပြဿနာတွေကို နည်းလမ်းမှန်မှန်နဲ့ ဖြေရှင်းဖို့ ကြိုးစားပုံကို တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ

ဒီလို ရိုးရှင်းတဲ့ ဇာတ်ကြောင်းလေးကိုမှ အပေါ်ယံ အမြင်လှပြီး အတွင်းမှာ ပျက်စီးနေကြတဲ့ လူကုံထံ အသိုက်အဝိုင်းက
ရုပ်၀တ္ထုတွေကို တန်ဖိုးထားပြီး အဓိကနဲ့ သာမညမကွဲပြားမှုတွေ၊ ယောက်ျားကြီးစိုးမှု ဝါဒနဲ့ ကျားမတန်းတူ
အခွင့်အရေးဖြစ်သင့်တဲ့ အကြောင်းအရာတွေနဲ့ ကွန့်မြူးထားပါတယ်

ဒီဇာတ်လမ်းလေး အဆုံးထိ ကြည့်ပြီးတဲ့ အချိန်မှာ အကောင်းဆုံးလို့ မဆိုနိုင်ရင်တောင်
” ကောင်းသားပဲ မဆိုးဘူး ” လို့ အသိအမှတ်ပြုမိပါလိမ့်မယ်

မိသားစုနဲ့လည်း အတူကြည့်နိုင်ပါတယ်။ ကြည့်နေရင်းမှာလည်း မိသားစုရေးရာ ဆောင်ရန်ရှောင်ရန်တွေကို
ဆင်ခြင်မိစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပါ


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

Tags