Belfast (2021)

MM Sub



Belfast 2021 ဟာဆိုရင် tomatometer 86% နဲ့ Imdb rating 7.6 ရထားတဲ့ ကားကောင်းလေးတစ်ကားပါ
ဒီကားမှာ ဒါရိုက်တာ Kenneth Branagh ဟာ သူ့ရဲ့ ကိုယ်တွေ့အတွေ့အကြုံကို ရုပ်ရှင်ကားအနေနဲ့ ဖန်တီးထားတာပါ


 

အဲဒါကြောင့် လက်တွေ့လောကို ထင်ဟပ်နေတဲ့ အရေးအသားတွေကို ကြည့်ရှုသူတွေ သတိပြုမိပါလိမ့်မယ်

ဇာတ်လမ်းအကျဥ်းကတော့

၁၉၆၀ ခုနှစ်ဝန်းကျင်က Belfast ဆိုတဲ့မြို့မှာ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နေကြတဲ့
အောက်ခြေလူတန်းစား ရပ်ကွက်တစ်ခုရှိခဲ့ပါတယ်
အဲဒီရပ်ကွက်မှာ Buddy ဆိုတဲ့ ကောင်လေးတစ်ယောက်လည်းနေပါတယ်
Buddy ဟာ အသက် ၉ နှစ်ရှိပြီဖြစ်ပြီး ရပ်ကွက်ထဲမှာ လူချစ်လူခင်များတဲ့ ကလေးတစ်ယောက်ပါ
ဒါပေမယ့် သူတို့နေထိုင်တဲ့ အေးချမ်းတဲ့ ရပ်ကွက်လေးဟာ ဘာသာရေးဂိုဏ်းအချင်းချင်း
အဓိကရုဏ်းဖြစ်အပွားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာပါတော့တယ်
အဲဒီလို အဓိကရုဏ်းဖြစ်စဥ်တွေဟာ Buddy ဆိုတဲ့ ကောင်လေးရဲ့ဘဝမှာ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာသလဲဆိုတာကို ဒါရိုက်တာ Kenneth Branagh ဟာ လက်တွေ့ဆန်ဆန်နဲ့ ပညာသားပါပါရိုက်ပြထားပါတယ်
ဒီကားဟာ လက်တွေ့ဆန်ဆန်ဇာတ်ညွှန်းတွေကို ကြည့်ချင်သူတွေဖြစ်ဖြစ် ၁၉၆၀ ခုနှစ် က အိုင်ယာလန် မြောက်ပိုင်းက လူတွေရဲ့ လူနေမှုပုံစံတွေကို စိတ်ဝင်စားရင်ဖြစ်ဖြစ် ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားလို့ ညွှန်းပါရစေ


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com
Tags