Passing(2021)

MM Sub



ဒီရုပ်ရှင်ဟာ အဖြူအမည်းရုပ်ရှင်တွေရဲ့ခေတ်မှာ

နေရာယူထားပြီး အဲ့ခေတ်ရုပ်ရှင်တွေရဲ့စတိုင်ရိုက်ထားတာမို့

အဖြူအမည်းကာလာနဲ့ Snyder cut လို 4:3 ဘောင်နဲ့ဖြစ်နေမှာပါ။

မင်းသမီးကိုတော့ Thor 3ထဲက ဗယ်ကရီအဖြစ်

ရင်းနီးကြမှာပါ

 

နယူးယောက်မြို့က လူမည်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ အိုင်ရင်းဟာ

သူ့သားအတွက် မွေးနေ့လက်ဆောင်ရှာဝယ်ဖို့

လူဖြူတွေနေတဲ့အရပ်ကိုလာရာကနေ

လူဖြူဟန်ဆောင်နေရင်း လူဖြူမိသားစုရနေတဲ့

ငယ်သူငယ်ချင်းဖြစ်သူနဲ့တွေ့လိုက်ရပါတော့တယ်။

လျှို့ဝှက်ချက်ကြီးတစ်ခုနဲ့ ကလဲရ်ဟာ

အိုင်ရင်းရဲ့ဘဝထဲကို ရောက်လာတဲ့အခါ

အရာရာရှုပ်ထွေးလာပါတော့တယ်။

 

1920ပိုင်း နယူးယောက်မြို့က လူမည်းတွေရဲ့

လူနေမှုပုံစံတွေ အခက်အခဲတွေကို

အဓိကထားတဲ့ဇာတ်လမ်းဖြစ်ပြီး

ထူးထူးခြားခြား ရှေးရုပ်ရှင်စတိုင်အတိုင်း

ပီပီပြင်ပြင်ပုံဖော်ပြထားတာမို့

သရုပ်ဆောင်အသားပေးဇာတ်လမ်းနှစ်သက်ရင်

တစ်ချိန်က အဖြူအမည်းရုပ်ရှင်တစ်ကားရဲ့

အရသာကိုမြည်းစမ်းကြည့်ချင်ရင်

လုံးဝလက်လွှတ်မခံဖို့ ပြောလိုက်ပါရစေ


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com
Tags