Hideout(2021)

MM Sub

ခရီးသွားတဲ့အခါမျိုး .. ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုသွားရတဲ့အခါ

နယ်ခံအိမ်တစ်အိမ်မှာ မဖြစ်မနေတစ်ညတာတည်းခိုခွင့်တောင်းရတာလိုမျိုး

အခြေအနေတွေဖြစ်လာနိုင်တယ်မလား .. အိမ်အကြောင်း၊ အိမ်သားတွေအကြောင်း၊

 

ပတ်ဝန်းကျင်အကြောင်း ဘာမှမသိရတဲ့နေရာမျိုးမှာ တစ်ညတာဖြတ်သန်းဖို့ဆိုတာတော့ တကယ်ပဲ ကျောချမ်းစရာကောင်းတဲ့အဖြစ်မျိုးပါ။

“Hideout” ဒီကားလေးမှာတော့ Sarah, Reed, Kyle နဲ့ Rick တို့လေးယောက်က အရက်ဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ရာကနေ

အပြန်အလှန်ပစ်ခတ်ကြရင်း Reed တစ်ယောက် သေနတ်ကျည်ဆန်မှန်သွားခဲ့ပါတယ်။ ဓားပြတိုက်ခဲ့တဲ့ရာဇဝတ်သားတွေမို့

ဆေးရုံသွားလို့လည်းမရ ဒဏ်ရာကလည်း သွေးတွေထွက်လွန်းနေတော့ အရေးပေါ်တည်းခိုပုန်းအောင်းဖို့အိမ်ရှာရပါတော့တယ်။

ဒီလိုနဲ့လမ်းခရီးကအိမ်တစ်အိမ်ကိုတစ်ညတာတည်းခိုခွင့်နဲ့ဆေးကုသခွင့်တောင်းပြီးနေဖြစ်ခဲ့ကြရာကနေ အိမ်ပိုင်ရှင်မြေးအဘွားနှစ်ယောက်ရဲ့

ထူးဆန်းတဲ့အပြုအမူအပြောအဆိုတွေ .. အိမ်ကြီးရဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေကြုံဆုံလာခဲ့ရတဲ့အခါမှာ …



Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com