Latte and the Magic Waterstone (2020)

MM Sub

 


ဖြူကောင်လေးတွေကို တွေ့ဖူးကြလားဗျ

ဖြူကောင်လေးတွေက အထီးကျန်တဲ့ကောင်လေးတွေတဲ့

တခြားအကောင်လေးတွေလို အုပ်စုဖွဲ့နေလေ့မရှိဘဲ သီးခြားနေတတ်တဲ့သူတွေပေါ့

အဲ့ဒါကြောင့် အထီးကျန်တဲ့သူတွေကိုဆို ဖြူကောင်လေးတွေနဲ့ တင်စားလေ့ရှိကြတယ်

 

 

Latte ဆိုတဲ့ ဖြူမလေးကလည်း အဲ့လိုအထီးကျန်နေတဲ့သူပေါ့

မွေးကတည်းက တစ်ကောင်တည်းပဲရှိတာမို့ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ သူ့အဖေကို တမ်းတရင်း တစ်ကောင်တည်းနေနေရတဲ့သူ…

မိဘမရှိတဲ့ကလေးမလေးဆိုတော့ တောထဲမှာ တစ်ခုခုဖြစ်တိုင်း သူ့ကို အပြစ်တင်တတ်လွန်းလို့ သူ့ကိုယ်သူ Princess Latte ဆိုပြီး အားတင်းနေရတဲ့သူပါ

Latte တို့တောထဲမှာ နှစ်တိုင်းကြုံနေရတဲ့ ရေခမ်းခြောက်မှုကို ဖြေရှင်းဖို့တိရစ္ဆာန်လေးတွေဟာ ရေစုဆောင်းထားလေ့ရှိတယ်

တစ်ရက်မှာတော့ ဖြူကောင်မလေး Latte နဲ့ ရှဉ့်လေး Tjum ကြောင့် ရေတွေဖိတ်စင်သွားရတဲ့အခါ အားလုံးအကျပ်ရိုက်ပါလေရော…

 

Princess Latte လေးက ပုံပြင်ဆန်တဲ့ WaterStone ဇာတ်လမ်းကို ယုံကြည်ပြီး အားလုံးရဲ့ ပြဿနာကိုဖြေရှင်းပေးဖို့ ဝက်ဝံဘုရင်ကြီးဆီ ခရီးထွက်ခဲ့ပါတယ်

ဒီလိုကနေ သူငယ်ချင်းကိုစိတ်မချလို့ လိုက်လာတဲ့ Tjum နဲ့ နှစ်ယောက်သား လမ်းခရီးတစ်လျှောက် ဘယ်လိုပြဿနာတွေကြုံကြမလဲဆိုတာ ကြည့်ရှူရမှာပါ

ချစ်စရာကောင်းတဲ့ ဖြူကောင်လေးနဲ့ ရှဉ့်ပိစိလေး ၂ ကောင်ရဲ့ ဝက်ဝံဘုရင်ကြီးလက်ထဲက Magic WaterStone ပြန်လည်ရယူမယ့် တောတွင်းခရီးစဉ်လေးကို ကြည့်ရှုလိုက်ကြပါဦး ။

 

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com