Justin Bieber: Our World (2021)

MM Sub




 This Is My World Documentary ထွက်ပြီး ဆယ်နှစ်အကြာမှာ

Our World အမည်ရ Documentary လေးထွက်ရှိလာပြီဖြစ်ပါတယ်။2010 ခုနှစ်ဝန်းကျင်တွေမှာ Justin Bieber ဆိုတဲ့နာမည်ဟာ

လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ပဲ့တင်ထပ်နေခဲ့သလိုပဲ၊

အဲ့အချိန်တုန်းက Justin ကို သဘောမကျခဲ့တဲ့

နှုတ်ခမ်းနီမလေးတွေဆိုတာ မရှိသလောက်ကို ရှားပါတယ်။

“Baby” သီချင်းနဲ့ ကမ္ဘာကျော်လူကြိုက်များခဲ့တဲ့ Justin Bieber ဟာ

ဆယ်နှစ်အတွင်းမှာ ဘဝအချိုးအကွေ့ပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပေမဲ့

အရည်အချင်းရှိ အဆိုတော်တစ်ယောက်ဆိုတဲ့အချက်ကတော့ ပြောင်းလဲမသွားခဲ့ပါဘူး။ဒီ Our World Documentary ကို လော့စ်အိန်ဂျလိစ်မြို့မှာတည်ရှိတဲ့

Beverly Hilton ဟိုတယ်ရဲ့ မိုးမျှော်ထပ်မှာ ရိုက်ကူးခဲ့တာပါ။

ကိုဗစ်ကြောင့် ရှိုးပွဲကို လူအယောက် ၂၄၀ ပဲတက်ရောက်ခဲ့ရပေမဲ့

တိုက်ရိုက်ထုတ်လွှင့်မှုကို လူပေါင်းသန်းနဲ့ချီပြီးကြည့်ရှုခဲ့ကြပါတယ်။

My World album ကစလို့ Believe, Purpose, Changes စတဲ့ Album ထဲက




သီချင်းပေါင်းမြောက်များစွာကို သီဆိုဖျော်ဖြေထားပါတယ်။

စတိတ်အပြင်အဆင်ကလည်း တမူထူးခြားတာမို့

အမိုက်စား performance တွေကိုတွေ့မြင်ရမှာပါ။အောင်မြင်မှုဒဏ်တွေကို ရင်ဆိုင်ကျော်ဖြတ်ပြီးနောက် ရင့်ကျက်နေတဲ့ Justin Bieber ကို

သူ့ရဲ့ချစ်ဇနီးလေး Hailey Bieber နဲ့အတူ တွေ့မြင်ရပါတယ်။

သူတို့ရဲ့နှစ်ယောက်ရဲ့ ပျော်ရွှင်သာယာနေတဲ့ အိမ်ထောင်ရေးကိုလည်း

မပါမဖြစ် ထည့်သွင်းဖော်ပြထားတာမို့

ဒီ Documentary လေးကို Belieber တွေသာမက

ငယ်စဉ်က သူ့သီချင်းတွေနားထောင်ပြီး ခေတ်တစ်ခတ်ကိုဖြတ်သန်းခဲ့ဖူးတဲ့လူတိုင်း

ကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။





Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com