This Is the Year (2021)

MM Sub

 


 

ဒီတစ်ခါမှာတော့ Selena Gomaz ကိုယ်တိုင်
executive producer အဖြစ် ရိုက်ကူးဖန်တီးထားတဲ့ ဇာတ်ကား​လေးဖြစ်တဲ့
This is the year ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်

ကိုယ့် Crush ကိုဖွင့််ပြောဖို့ ချိန်ရင်းနဲ့ သူများနောက်ပါသွားတဲ့ ချိန်ပါတွေ
ကိုယ့် Crush နဲ့အဆင်ပြေဖို့အတွက် သူငယ်ချင်းတွေကပါဝိုင်းကူရတဲ့သူတွေရှိလားဗျို့


 

တစ်ခါတစ်မှာ ဖူးစာဆိုတာ ဝေးဝေးလံလံ လိုက်ရှာစရာ မလိုပါဘူး
ကိုယ့်နားမှာ ရှိတဲ့သူကို မြင်အောင် ကြည့်တတ်ဖို့ပဲ လိုတာပါ

ကဲ ….. ဘာညာသရကာ ရွှီးရွှမ်းပြီးပြီဆိုတော့ ……
အညွှန်းလေးဆီ သွားလိုက်ကြရအောင်လား

ဒီဇာတ်လမ်းမှာတော့ ဂျော့်ရှ်က သူ့ရဲ့ Crush ဖြစ်သူ ဇိုဝီကို ဖွင့်ပြောဖို့ ချိန်နေတာ
အထက်တန်းကျောင်း စီနီယာနှစ်အစကနေ ပြီးခါနီးတဲ့အထိ ဖြစ်လာပါတော့တယ်

ဂျော့်ရှ်တစ်ယောက် မဖွင့်ပြောဖြစ်သေးတဲ့အပြင်
ဇိုဝီတစ်ယောက် ရည်းစားနဲ့အတူ ရက်ပိုင်းအတွင်းမှာပဲ
LA ကို ပြောင်းတော့မယ်အကြောင်းကို သိလိုက်တဲ့အခါမှာ………

ဂျော့်ရှ် ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ မိုလီ ဟာ
ဂျော့်ရှ်ကို ဖွင့်ပြောတဲ့နေရာမှာ ကူညီပေးဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်

ဂျော့်ရှ်တစ်ယောက်ကရော ဇိုဝီကို ဖွင့်ပြောနိုင်ဖို့ ဘယ်လိုမျိုးအကြံအဖန်တွေလုပ်ကြမလဲ

ဇိုဝီ မပြောင်းခင်မှာ ဂျော့်ရှ်တစ်ယောက် ဖွင့်ပြောနိုင်ပါ့မလား

အမြဲတစ်စေ အနေနီးခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်း မိုလီနဲ့ဂျော့်ရှ်ကြားမှာရော
ဘာတွေထူးခြားလာမလဲဆိုတာ တေးသီချင်းကောင်းများနဲ့အတူ
ပေါ့ပေါ့ပါးပါးလေး ကြည့်ရှုရင်း စိတ်အမောဖြေနိုင်အောင် တင်ဆက်ပေးလိုက်ပါပြီဗျို့

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com