Foundation(2021)

MM Sub

 ဒီ Seriesဟာ Apple Tvက​နေ ဒီ​နေ့မှထွက်ရှိလာတဲ့ Scientific drama seriesပဲဖြစ်ပါတယ်၊


အ​မေရိကန်စာ​ရေးဆရာ Issac Asimovရဲ့


နာမည်​ကျော် Foundation ဝတ္ထုသုံးအုပ်တွဲကို အ​ခြေခံရိုက်ကူးထားတာပါ၊


ဇာတ်လမ်းအညွှန်းက​တော့ မ​ဝေး​တော့တဲ့အနာဂတ်မှာဖြစ်လာမယ့် Galactic Empireထဲက


သင်္ချာပညာရှင် Hari Seldonဟာသူကျွမ်းကျင်တဲ့ Psychohistoryပညာရပ်မှတဆင့်


ဒီEmpireကြီးဟာ ​နောက်လာမယ့် ရာစုနှစ်အတွင်း ပျက်​ဆီးခြင်းကပ်ဆိုက်​တော့မှာကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်၊

Psychohistroyဆိုတာက လူသားမျိုးနွယ်စုတစ်ခုလုံးရဲ့ အပြုအမူ​တွေက​နေ အနာဂတ်ကို


သင်္ချာနည်းနဲ့ကြိုတင်ခန့်မှန်းတဲ့ ပညာရပ်ပါ၊ ကောင်းတဲ့သူတတ်​မြောက်သွားရင်


အကျိုးရှိသ​လောက်၊ မ​ကောင်းတဲ့သူ တတ်​မြောက်သွားရင် လူသားမျိုးနွယ်ကြီး ပျက်စီးမယ့်ကိန်းဆိုက်နိုင်တဲ့ ပညာပါ


အဲ့ဒီပျက်စီးခြင်းကပ် လူသား​တွေရဲ့အ​မှောင်ခတ် (Dark Age)ဟာ လုံးဝမလွှဲ​ရှောင်နိုင်ပဲ


ကျိန်း​သေဖြစ်​ပေါ်လာပြီး နှစ်​ပေါင်း ၃၀၀၀၀အထိ ကြာမြင့်နိုင်တာ​ကြောင့်


Hail Seldonတစ်​ယောက် အနှစ် ၁၀၀၀​​လောက်ပဲ ကြာမယ့်နည်းလမ်းကို စဉ်းစားရပါ​တော့တယ်၊


သူ​တွေ့တဲ့အ​ဖြေက​တော့ လက်ရှိ​ခေတ်ရဲ့ဗဟုသုတ​တွေ၊ နည်းပညာ​တွေကို Dark Age ရောက်တဲ့အထိ


ထိန်းသိမ်းထားနိုင်တဲ့ Foundationဆိုတဲ့အဖွဲ့ကြီးကိုတည်​ထောင်ဖို့ပါ၊ ဒီနည်းလမ်းနဲ့ပဲ


Dark Ageရဲ့သက်တမ်းကို ချုံ့နိုင်မယ်လို့ယုံကြည်ထားတာပါ၊


ဒီလိုနဲ့ပဲ Hail Seldonနဲ့ သူ့ရဲ့ဉာဏ်ကြီးရှင်တပည့်မ​လေး Gaal Dornickတို့ဟာ



Empireသ​ဘောမတူတဲ့ကြားက​နေ


Foundationကို တည်ထောင်ဖို့ ကြိုးစားကြပါ​တော့တယ်


တစ်ဖက်မှာလည်း Empireတို့ရဲ့ထုံးစံအတိုင်း Galaxy ထဲက တစ်နိုင်ငံနဲ့ တစ်နိုင်ငံစစ်ပွဲ​တွေ၊


Psychohistory ပညာရပ်ကို လုယူဖို့ ကြံစည်သူ​တွေ၊


Foundationကို ဖျက်ဆီးမယ့် ရန်စွယ်​တွေ စသဖြင့် ​ခေတ်လွန်သိပ္ပံဇာတ်လမ်း​ကောင်းတစ်ခုကို


Apple Tv shows​တွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်၊


VFX​ကောင်း​ကောင်း၊ Sound quality​ကောင်း​ကောင်းနဲ့ ခမ်းနားကြီးကျယ်စွာ ကြည့်ရှုခံစားရမှာပါ




Option Download Watch Live
အပိုင်း(၁)
Download Now
Watch Now
အပိုင်း(၂)
Download Now
Watch Now


www.msubfilm.com