The Interview: Night of 26/11(2021)

MM Sub



The Interview : Night of 26/11

ဝါရင့်ဘောလိဝုဒ်မင်းသားကြီး Jackie Shroff ရဲ့2021ထွက်ဇာတ်ကားသစ်ဖြစ်ပါတယ်

2008 ခုနှစ် မွမ်ဘိုင်းမှာ 26/11 တိုက်ခိုက်မှုတွေစဖြစ်ခဲ့တဲ့ညတုန်းက


နိုင်ငံကျော်စူပါစတားမင်းသမီးတစ်လက် ဖြစ်တဲ့ တာရာရဲ့အိမ်ကို


နာမည်ကျော်ဆုရစစ်ပွဲသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ရိုဟန်တစ်ယောက် အင်တာဗျူးဖို့ရောက်ရှိလို့နေပါတယ်တကယ်တမ်း မြို့ထဲမှာက အုန်းဒိုင်းဂွမ်းတွေဖြစ်နေတဲ့အချိန်မှာ ကိုယ်က အခင်းဖြစ်နေရာမှာ ရှိနေရမယ့်အစား ဒီလိုရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့

အတင်းအဖျင်းတွေကို လိုက်အင်တာဗျူးဖို့ဆိုတာ

စစ်ပွဲသတင်းပဲလိုက်လေ့ရှိသူတစ်ယောက်အတွက် မလွယ်ကူနေခဲ့ပါဘူး

လစာ၃လစာရဖို့ကျန်တာကို ဒီအင်တာဗျူးသွားမေးပေးမှ ကျန်တဲ့လစာတွေပေးမယ်ဆိုပြီး ညစ်တဲ့

အယ်ဒီတာကြောင့် ရိုဟန်တစ်ယောက် နောက်ဆံတငင်ငင်နဲ့ပဲ သွားရပါတော့တယ်
 

 

ပုံမှန်ဆို မင်းသမီးရဲ့အိမ်ကိုသွား အင်တာဗျူးပြီးပြန်လာ သမားရိုးကျက အဲ့လိုပေမယ့်

စာဖတ်ပရိသတ်တွေ လှုပ်လှုပ်ရွရွဖြစ်စေမယ့် သတင်းရေးပါဆိုပြီး မှာလိုက်တဲ့ အယ်ဒီတာရဲ့တချက်လွှတ်အမိန့်ကြောင့်

ရိုဟန်တစ်ယောက် မင်းသမီးတာရာရဲ့ တကယ့်အတွင်းစိတ်ကို ရှာဖွေရပါတော့တယ်


တစ်ဖက်ကလည်း ခေသူမဟုတ်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မင်းသမီးတစ်လက်ဖြစ်နေပြန်

ဒီဘက်ကလူကလည်း စစ်ပွဲမှာလျှို့ဝှက်သတင်းတွေကို ရေလည်ကျွမ်းကျင်အောင်လိုက်တတ်တဲ့ ဆုရသတင်းထောက်ဖြစ်နေ တော့

နှစ်ယောက်သားရဲ့ အားပြိုင်မှုလေးတွေကို ကြည့်ရမှာဖြစ်ပါတယ်

အဖုအထစ်သေးသေးလေးတွေကနေ အနိုင်ယူမှုအနိုင်ရလိုမှုများ

ခံစားချက်ချင်းနားလည်ပေးရာကနေ နီးကပ်လိုက် ဝေးကွာလိုက် ဖြစ်ပုံများ

တာရာကပဲ သရုပ်ဆောင်ပိုတော်မလား


ရိုဟန်ကပဲ ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး လိုချင်တဲ့ သတင်းတွေရသွားမလား

ထိတွေ့ ပွတ်တိုက် အငြင်းပွါးမှုတွေကနေ ထင်မှတ်မထားဘဲ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကို အေးအေးဆေးဆေးနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်

P.S 2008 Mumbai 26/11 အဖြစ်အပျက်များ မပါပါဘူး

Night of 26/11 ဆိုလို့ 26/11 terrorist attack တွေ ပါမယ်ထင်နေမှာစိုးလို့ပါ