Sunny Sisters ( 2021 )

MM Sub

 


ဒီတစ်​ခါမှာ ထပ်မံပြီးတော့ ကိုရီးယားကား ကို ပြန်လည်ရိုက်ကူးထားတဲ့

ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းလေးကတော့….

ကျန်းလီကျွင်းဟာ လက်ထပ်ပြီးသမီးတစ်ယောက်နဲ့ အိမ်ထောင်မှုတွေကြားမှ

ာ ပိတ်မိနေတဲ့ မိန်းမတစ်ယောက်ပါ တစ်နေ့ သူ့အမေဆေးရုံတတ်ရတာကို

သွားကြည့်ရင်း အထက်တန်းဘဝက ညီအစ်မတွေလို ရင်းနှီးတဲ့

လင်ချင်တစ်ယောက် ကင်ဆာဖြစ်ပြီးဆေးရုံတတ်နေရတာကို သိလိုက်ရပါတယ်

 


 

လင်ချင်ဟာ အထက်တန်းတုန်းက sunny sisters အဖွဲ့ရဲ့

ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျန်းလီကျွင်းအပါအဝင်အဖွဲ့သားခြောက်ယောက်နဲ့

အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ဒါပေမဲ့

သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားပြီး နှစ်လပဲ အသက်ရှင်ရတော့မယ့်

လင်ချင်အတွက် အဖွဲ့ဝင်ငါးယောက်ကို ကျန်းလီကျွင်းတစ်ယောက်

ရှာပုံတော်ဖွင့်မဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းလေးကို အစချီထားတာပါ သူတို့ရဲ့

ငယ်ဘဝတွေကိုလည်း တဖြည်းဖြည်းချင်းပြန်လည်ပြသထားတာဖြစ်တဲ့အတွက်

ဒီကားလေးထဲမှာ ငယ်စဉ်အထက်တန်းဘဝက သူတို့တစ်တွေ

အရူးထခဲ့ ပျော်ရွှင်ခဲ့ရတာတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့တာတွေ စတဲ့

သူတို့ကြားက ဖြူစင်တဲ့ သံယောဇဉ်လေးတွေကို

ကြည်နူး နွေးထွေးဖွယ် ဆက်လက် ကြည့်ရှုကြကြရမှာဖြစ်ပါတယ်

 

 

Tags