Annette (2021)

MM Sub

 

 


Adam Driver နဲ့ Marion Cotillard တို့ ပါ၀င် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင် musical film

ငတ်နေသူတွေအတွက်တော့ဘ၀င်ကျစရာပါပဲ၊ La La Land တို့ The Greatest Showman တို့လို ဇာတ်လမ်း

အဖြစ်အပျက်ကို သီချင်းတွေ သီဆိုရင်း အနုပညာမြောက်မြောက် တင်ဆက်ထားတာ တွေ့ရပြီး နားကြပ်လေးသာ

တပ်ကြည့်ရင် ဂီတအနှစ်သာရခံစားရတာ ပိုပြီးကောင်းပါလိမ့်မယ်။

Musical film ဖြစ်တဲ့အတွက် Plot ကိုပဲ အာရုံစိုက်ပြီး ကျန်တာဘေးထားကြည့်နိုင်ရင်တော့ အပန်းဖြေစရာ ဇာတ်လမ်း

တစ်ပုဒ်ဖြစ်မှာပါ။

 


 

ဇာတ်လမ်းအကျဉ်းကတော့ ဟင်နရီဆိုတဲ့ လူဟာ stand-up comedian တစ်ယောက်၊ အန်ဆိုတဲ့ အမျိုးသမီးက opera

singer တစ်ယောက်၊ ၂ ယောက်လုံးဟာ သူ့နယ်ပယ်မှာသူ ဒိတ်ဒိတ်ကြဲအောင်မြင်နေသူတွေ ဒီလိုအချိန်မှာ ရုတ်တရက်

လက်ထပ်လိုက်ကြပြီး အန်းနက်ဆိုတဲ့ သမီးလေးမွေးဖွားလာတယ်။ သို့ပေမဲ့ အန်းနက်ဆိုတဲ့ ကလေးမလေးဟာ သာမန်မဟုတ်ဘဲ

အများနဲ့မတူတဲ့ လူသားလေးတစ်ယောက် ဖြစ်နေတဲ့အခါ ဘ၀တွေ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ရင်း အခက်ကြုံရပုံတွေကိုစိတ်၀င်စားဖွယ် ရိုက်ကူးထားပါတယ်။