A Millionaire On The Run (2012)

MM Sub

 


 

အဆိုတော် ၊ သရုပ်ဆောင် ၊ ပရိုဂျူဆာတင်မက ရုပ်သံအစီအစဉ်တွေမှာပါ ဒိုင်လုပ်ပြီး JYP Entertainment ရဲ့Founder ဖြစ်တဲ့ J.Y.Park ( Park Jin-Young ) ရဲ့ ဇာတ်ကားလေးကို CM Fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ။

ဇာတ်လမ်းကတော့…

ယောင်အင်းနဲ့ဆွန်းဒယ်ဟာ နိုင်ငံရေးအကူအညီလိုအပ်ချက်တွေနဲ့ ဘဏ္ဍာရေးကိစ္စတွေအတွက် အလုပ်လုပ်ပေးရတဲ့လုပ်‌ဖော်ကိုင်ဖက်‌တွေဖြစ်ပါတယ်

သူတို့ရဲ့အထက်လူကြီးဒါရိုက်တာဟန်ခိုင်းတဲ့ တရားမဝင်အလုပ်တွေလုပ်ရင်း အပြစ်မကင်းခံစားလာရတဲ့ဆွန်းဒယ်ဟာ ယောင်အင်းကိုဖွင့်ပြောပြီး ရဲတိုင်ဖို့စီစဉ်ခဲ့ပါတယ်

 


 

အဲ့မတိုင်ခင်မှာပဲ ဆွန်းဒယ်ဟာ သေတမ်းစာရေးပြီး တံတားပေါ်ကခုန်ချသတ်သေသွားပြီးနောက်…

ဒါရိုက်တာဟန်က ဒေါ်လာ၅သန်းပို့ခိုင်းလိုက်တဲ့ယောင်အင်းကလည်း မထင်မှတ်ဘဲ ဒါရိုက်တာဟန်ရဲ့ယုတ်မာမှုကိုသိသွားပြီး ဒေါ်လာ၅သန်းကိုယူပြီးပြေးပါတော့တယ်

ဒါရိုက်တာဟန်လည်း သူ့ပိုက်ဆံတွေဆုံးမှာကြောက်ပြီး လူမိုက်တွေနဲ့လိုက်ရှာရင်း အလွဲလွဲအချော်ချော်ဖြစ်ကြပုံကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်