Ride On (2023)

MM Sub

 


မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဂျက်ကီချန်းနဲ့

အတူ ရှောင်လင် (၂၀၁၁) ရုပ်ရှင်မှာ ပါဝင်ဖူးခဲ့တဲ့ Xing Yu နဲ့ Jing

Wu၊ New Police Story မှာ ပါဝင်ခဲ့တဲ့ Andy On နဲ့ Rongguang

Yu တို့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ CGI

တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်က

စတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါ

တယ်။ စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသ

ထားတာပါ။

ဇာတ်လမ်းအကျဉ်း –

ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီး

အနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး

ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ်

ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို

စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။

သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင်

လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီး

နောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့

သိမ်းဖို့ကြိုးစားလာပါတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေ

ကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်။ အဲဒီ

အန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက်ခိုက်ရုန်း

ကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့

Mr.Anderson ဖြစ်ပါတယ်)File Size……….(2.13 GB) / (900 MB) / (600 MB)

Quality…………WEB-DL 1080p / 720p / 480p

Duration………2Hr 06Min

Subtitle………..Myanmar Hardsub

Format…………MP4

Genre…………..Action, Comedy, Drama