Last Seen Alive (2022)

MM Sub




မင်းသားကြီး Gerard Buttler ရဲ့ ဇာတ်ကားအသစ်လာပါပြီ။ ဒီတစ်ခါတော့ အရင်လို သမ္မတလိုက်ကယ်တာမဟုတ်ဘဲ လူပျောက်လိုက်ရှာမှာပါ။ လူပျောက်ရှာပုံတော် ဇာတ်ကားတွေ နှစ်သက်တဲ့ပရိသတ်အတွက် အသစ်ထွက်ရှိလာတဲ့ကားလေးပါ။
ဝေလ်နဲ့ လီဆာစပန်းက အိမ်ထောင်ရေးအဆင်မပြေကြတဲ့ ဇနီးမောင်နှံပါ။ ခဏ အိမ်ခွဲနေချင်တယ်လို့ တောင်းဆိုလာတဲ့ ဇနီးဖြစ်သူလီဆာ့ကို ဝေလ်က မခွဲချင်ပေမဲ့ တနယ်တကျေးက လီဆာ့မိဘအိမ်ကို လိုက်ပို့ဖို့ ထွက်လာခဲ့ကြပါတယ်။လမ်းခရီးမှာ ဂတ်စ်ကုန်လို့ ဝင်ဖြည့်တုန်း လီဆာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ဇနီးဖြစ်သူကို ခေါင်းမီးတောက်အောင်ရှာပေမဲ့ မတွေ့တော့ ဝေလ်လည်း ရဲတိုင်ရတော့တာပေါ့။
 နောက်ဆုံးသဲလွန်စလေးတစ်ခုက လီဆာဟာ မပျောက်သွားခင် အထက်တန်းကျောင်းနေဘက်ဖြစ်သူ နက်ကယ်စ်နဲ့ နောက်ဆုံးစကားပြောနေခဲ့တာကိုပါပဲ။ရဲတွေကလည်း ဖောက်ပြန်တဲ့ရာဇဝင်ရှိဖူးတဲ့ လီဆာတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ လက်တုံ့ပြန်ခြင်းကို ခံလိုက်ရတာလား ဒါမှမဟုတ် ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် သစ္စာဖောက်ပြီး ပြေးတာလား ဝေခွဲမရကြပါဘူး။ ပျောက်သွားတဲ့ မိန်းမဖြစ်သူကို အသက်ရှင်လျှက် ပြန်တွေ့ပါ့မလား?ဝေလ်ကလည်း သူမလုပ်ပါဘူးလို့ တွင်တွင်ငြင်းရင်းနဲ့ တကယ့်အမှန်တရားက ဘာဖြစ်မလဲ? ဆိုတာ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က May Myat Thu ပါ။) File Size : 2.1GB, 887MB & 462MB
Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p
Format : mp4
Duration : 1hr & 35mins
Genre : Action, Mystery, Thriller

..........