Girl From The Past (2022)

MM Sub

 





Plotအမျိုးမျိုးနဲ့ ကြည့်ရှုသူကို တွေးစရာတွေအများကြီးပေးမယ့် စိတ်ရောဂါအခြေပြုထားတဲ့ Dramaဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဒီကားကိုကြည့်ရင်းနဲ့ “မိုးညအိပ်မက်မြူ”ရုပ်ရှင်ရော ဝတ္ထုကိုရောအမှတ်ရသွားမယ်လို့ပြောနိုင်ပါတယ်။ ဇာတ်လမ်းကို ကြိုတွေးလို့မရအောင်ကိုရိုက်ကူးပြထားပြီး တစိမ့်စိမ့်ကြည့်ရင်းအဆုံးရောက်မှသာ ဇာတ်ရည်လည်သွားရမှာမျိုးပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ …တစ်ကောင်ကြွက်ဖြစ်သူ ကွေ့ယန်ဟာ ငွေရှာဖို့အတွက် စံအိမ်ကြီးတစ်ခုမှာ အိမ်ဖော်အဖြစ်အလုပ်ဝင်လုပ်ရင်းစခဲ့တာပါ။

အဲ့ဒီမှာပဲ အိမ်ပြေးလေး ယန်ဆိုတဲ့သူလေးနဲ့ တွေ့ခဲ့ပြီး သူဟာကွေ့ယန်ကို တအားတွယ်တာသူ၊ စောင့်ရှောက်ချင်သူပါ။

အိမ်ရှင်သူ‌ဌေးရဲ့သားဖြစ်သူဟာ ဆိုးသွမ်းနေရင်း နောက်ဆုံးကြံရာမရ အဖေအရင်းကိုသတ်ဖို့လုပ်ရာမှာ ကွေ့ယန်တို့နှစ်‌ယောက်လည်း ဝင်ကယ်ဖို့လုပ်‌ပေမယ့် အခါနှောင်းကာ သူဌေးလည်းသေ စံအိမ်လည်း မီးလောင်သွားပါတော့တယ်။ရဲအဖမ်းခံရမယ့်ဆဲဆဲ ဘဝပေးအခြေအနေအတိုင်း သွေးသားမတော်စပ်တဲ့ ညီအစ်မနှစ်ယောက်ရဲ့ ရှင်သန်ဖို့ကြိုးစားခဲ့ရပုံ၊ ကိုယ်စီကိုယ်စီ ဒုက္ခတွေကို ရင်ဆိုင်ဖြေရှင်းကြပုံတွေကို တွေးတောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။

File Size          : 1.2GB, 474MB, 252MB

Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p

Format            : mp4

Duration         : 1hr 45mins

Genre              : Drama, Thriller