ဟယ်လို ..ဘာ ကျွန်မသားကလူနှစ်ယောက်ကိုသတ်တယ်ဟုတ်လား မဖြစ်နိုင်တာ..။။
ယောကျာ်းရေ ကျွန်မတို့သားကလူနှစ်ယောက်ကိုသတ်လိုက်လို့ ဆိုပြီးဖုန်းဆက်နေတယ်-လိမ်နေတာ သူတကယ်သတ်တာလေးယောက်IMDb 8.3ထိရရှိထားတဲ့ဒီကားဟာ 2019ခုနှစ် အိန္ဒိယနိုင်ငံရဲ့ Pollachi ရွာလေးမှာဖြစ်ပျက်ခဲ့တဲ့
လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်မှုကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ကားတစ်ကားပဲဖြစ်ပါတယ်သားဖြစ်သူသဘောကျနေတဲ့ကောင်မလေးကို တင်တောင်းလို့မရရင်ပြန်ပေးဆွဲကွာဆိုပြီး ဝိုင်းမြှောက်ပေးကြတဲ့အဖေနဲ့အမေမျိုးရှိတဲ့မိသားစု ဟာဆိုရင်ဖြင့်အတော်ဗရုတ်ကျစရာနဲ့ ခွီနေရမှာပါ ဟုတ်ပါတယ်ကန်နာဘီရန်လို့ခေါ်တဲ့ရှေ့နေရဲ့မိဘတွေက ဒီလိုမျိုးတွေပါ သားဖြစ်သူကလမ်းမှားမလျှောက်ဘူးဆိုတာအမြဲယုံကြည်ထားကြတဲ့လူတွေပါ ဒါပေမယ့်မိန်းမခိုးပွဲနေ့ကြီးမှာတော့ ထင်မှတ်မထားတာဖြစ်လာခဲ့ပါတယ်ခိုးပြေးမယ့်မိန်းမရဲ့ သူငယ်ချင်းဖြစ်သူက အန္တရာယ်ဖြစ်နေပြီဆိုပြီးသတင်းရတော့ သွားကယ်တင်ရင်း သိလာခဲ့ရတဲ့အမှန်တရားတွေ…တစ်မြို့လုံးကမိန်းကလေးတွေနဲ့အကျပ်ကိုင်ခြိမ်းခြောက်လာတဲ့အခါမှာတော့ ဒီကိစ္စကသာမန်မဟုတ်တော့ပါဘူးနောက်ကွယ်ကအကျပ်ကိုင်သူဟာသူမယှဉ်နိုင်တဲ့လူဖြစ်နေတဲ့အခါ ဘယ်လိုလှည့်ကွက်တွေသုံးမှာလဲ၇၅ကုဋေထိအကုန်အကျခံရိုက်ကူးထားပြီး လူကြိုက်များ Rating များတဲ့ဇာတ်ကား ဖြစ်တာကြောင့် အခုပဲအပြေးကြည့်ရှုနိုင်ကြဖို့ တင်ဆက်ပေးလိုက်ရပါတယ်
