Tom and Jerry Snowman’s Land (2022)

MM Sub

Video Sources

Server 1Server 2


Tom and Jerry : Snowman’s Land (2022)ကလေးဘဝရဲ့ မမေ့နိုင်တဲ့အမှတ်တရ‌တွေအကြောင်း အစချီပြီးပြောတော့မယ်ဆိုရင်
စကားမပြောတဲ့ တွမ်နဲ့ဂျယ်ရီကို ချန်ခဲ့လို့မရပါဘူး။
ဘယ်ကာတွန်းတွေကို ဘယ်လိုပဲရိုးသွားပါစေ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါပဲ ပြန်ကြည့်ကြည့်
Tom and Jerry ကတော့ ကျွန်တော်တို့ကို အမြဲပြုံးမိစေတယ်လို့ပြောရင်တော့ မမှားပါဘူး။
ဒီနေ့ကတော့ Tom and Jerryကာတွန်းရဲ့ အသစ်ထွက်ရှိလာတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးသွားမှာပါ။
ဂွတ်ဘယ်ရီမြို့ငယ်လေးမှာ ဒဏ္ဍာရီတွေ ပုံပြင်တွေနဲ့ပြည့်နှက်နေတဲ့ ဖလစ်စစ်တီတောင်ဆိုတာ ရှိပါတယ်။
ဒဏ္ဍာရီအရတော့ ဖလစ်စစ်တီတောင်ထိပ်မှာရှိတဲ့ နှင်းတွေဟာ မှော်အစွမ်းရှိပြီး နှင်းလူကမ္ဘာဆိုတဲ့ မှော်ဝင်ရွာလေးလည်းရှိပါသတဲ့။တစ်ဖက်မှာတော့ ဒဘယ်ဗေးရဲ့အရုပ်ဆိုင်ကတွမ်နဲ့ မစ္စလာပေ့ခ်ျရဲ့အရုပ်ဆိုင်ကဂျယ်ရီကတော့ ကြောင်နဲ့ကြွက်ပီပီ နေ့တိုင်းသတ်ပုတ်ရင်းပေါ့။
ခေတ်မှီအရုပ်တွေရောင်းနေတဲ့ ဒဘယ်ဗေးရဲ့ဆိုင်ကြီးကို သာမန်အရုပ်လေးတွေနဲ့ မစ္စလာပေ့ခ်ျက မယှဉ်နိုင်တော့ အရှုံးပေါ်မယ့်အဖြစ်ကိုဆိုက်နေတာပေါ့။
တွမ်နဲ့ဂျယ်ရီဆိုရင်တော့ အမွှေစိန်လေးတက်ဖီကတော့ အမြဲမပါမဖြစ်ပါဘဲ။
ဒီကားလေးထဲမှာတော့ တက်ဖီက မှော်ဆရာရူး မျက်လှည့်ရူးလေးပေမဲ့ လုပ်သမျှမအောင်မြင်တဲ့ငမွှေလေးပေါ့။ဒီလိုသူတို့တွေရဲ့ဘဝထဲကို လာရီဆိုတဲ့ မှော်နှင်းကြွက်ကလေး ရောက်လာချိန်မှာတော့ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ။
မှော်နှင်းကြွက်ကလေး ရောက်လာချိန်ကျမှ ကံဆိုးပြီး နှင်းမကျတဲ့ခရစ်စမတ်နဲ့ တည့်တည့်တိုးလေတော့
နှင်းကြွက်လေးအရည်ပျော်မကျရေးအတွက် ဖလစ်စစ်တီတောင်ထိပ်က နှင်းလူကမ္ဘာကို သူတို့သွားဖို့လုပ်တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ
ကြည့်ရှုရင်းနဲ့ ငယ်ဘဝရဲ့အမှတ်တရတွေကို ပြန်လည်လွမ်းဆွတ်လိုက်ကြရအောင်ပါ။
Genre….. Animation, Adventure, Comedy
Quality…. 1080p | 720p | 480p
File size… 976MB | 533MB | 307MB
Format… mp4
Duration…. 1h 16min


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com မြန်မာစာတန်းထိုးဇာတ်ကားများ