Pil’s Adventures (2021)

MM Sub

Video Sources

Server 1Server 2Server 3>


တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။

ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် စုန်းမကြီးဆီ ကတ်သီးကတ်သတ် ကတ်ဖိုးကတ်ဖဲ့ ကုတ်ကုတ်ကျစ်ကျစ်သွားကြပါတယ်။သူတို့နောက်ကို မှော်ဆရာက လွှတ်သတ်ခိုင်းထားတဲ့ ကြေးစားလူသတ်သမားတွေရော ယူနီကွန်းကိုမှ ဗလကောင်းကောင်းယူနီကွန်းတွေရော ခွေးပျံကြီးနဲ့ရော ရင်ဆိုင်ကြရမှာပါ။ မက်ဆေ့လိုချင်သူတွေအတွက်လည်း ဖရန့်ရှစ် မေတ္တာ အုပ်ချုပ်ရေး မက်ဆေ့အကုန်ပေးနိုင်သလို ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ စိတ်ကျေနပ်ရုံကြည့်ချင်တဲ့သူတွေအတွက်လည်း ဇာတ်လမ်းက တော်တော်ကြည့်ပျော်ပါတယ်၊။ ရယ်လည်းရယ်ရပါတယ်။ ကယောင်ကချောင်နဲ့ ကမောက်ကမဖြစ်နေတဲ့ ကြောင်တိကြောင်တောင်ခေတ်ကြီးမှာ တစ်ခါငိုပြီးတိုင်း တစ်ခါပြန်ပြုံးနိုင်ဖို့ ကြည့်ထားသင့်တဲ့ ချစ်စရာဟာသကာတွန်းရုပ်ရှင်လေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)Size – 1.6GB, 830MB, 604MB
Quality – 1080p, 720p, 480p
IMDb Rating – 6.2/10
Format – mp4
Duration – 1H 29Min
Genre – Animation, Adventure, Fantasy



Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com