The Hand of God (2021)

MM Sub
IMDb Rating – 7.5/1094 ကြိမ်မြောက် အော်စကာအတွက် Best International Feature Film အတွက်
submission တင်ထားတဲ့ကားလေး။ 78 ကြိမ်မြောက် Venice International Film
Festival မှာ Grand Jury Prize ရထားပြီး အော်စကာ၊ Golden Globe နဲ့ Bafta ဆုတွေ
ဆွတ်ခူးထားဖူးတဲ့ ဒါရိုက်တာ Paolo Sorrentino ရိုက်ကူးထားတဲ့အပြင် IMDb 7.5,
Rotten Tamatoes 82% ရပ်တည်မှုနဲ့အတူ ၁၉၈၀ ခုနှစ်တွေက ဖာဘီယက်တိုဆိုတဲ့
လူငယ်တစ်ယောက်ရဲ့ ဘ၀အကြောင်းကို မြင်ရဦးမှာပါ။  သူကြုံရတဲ့ အဖြစ်အပျက်တွေကို
coming of age ဆန်ဆန်ရိုက်ကူးထားတာမို့ သာမာန် ထဲကခွဲထွက်နေတဲ့ရုပ်ရှင်ကားလေးပေါ့။ဖာဘီယက်တိုမှာ သူငယ်ချင်း များများစားစားမရှိဘူး။ များသောအားဖြင့် သီချင်းတွေ
နားထောင်နေတတ်ပြီး အိမ်ကွင်းအတွက် ကစားပေးနေတဲ့ Napoli အသင်းက ဒီရေဂို
မာရာဒိုနာကို သူအားပေးတယ်။ လူပျိုဖော်၀င်ခါစ ကောင်လေးတစ်ယောက်ရဲ့ စိတ်ကစားပုံတွေ၊
ဝါသနာတွေနဲ့ မိသားစုရေးရာတွေကို ဇာတ်အေးအေးလေးနဲ့ ရိုက်ပြထားတယ်။ ဒီလောက်ပါပဲ
ဒါပေမဲ့ သေချာတာကတော့ ခင်ဗျားတို့ကို open ending တစ်ခုနဲ့ အတွေးတွေပေးခဲ့ဦးမယ့်
ဇာတ်လမ်းတစ်ပုဒ်လေးပေါ့ဗျာ ။     ။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com
Tags