Total Recall (2012)

MM Sub

လူသားတစ်ယောက်ခြင်းစီ လိုက်လံရှာဖွေရတဲ့ ပဟေဠိဆိုတာက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတဲ့ မေးခွန်းပါပဲတဲ့။
အဲဒါရဲ့အဖြေဟာ အတိတ်မှာ မရှိပါဘူး၊ လက်ရှိ ပစ္စုပ္ပန်မှာပဲ ရှာတွေ့နိုင်ပါတယ်တဲ့။ 

 ဒီတော့ ကိုယ်ဟာ
ဘာကောင်ကြီးဖြစ်တယ်ဆိုတာ အခု ကိုယ်လက်ရှိဖြစ်နေတဲ့ အချိန်ကိုပဲ ကြည့်ပြီး ပြောရမှာလို့ ဆိုလိုတာပေါ့ဗျာ။ အတိတ်က ရွှေထီးဆောင်းခဲ့ဖူးရုံနဲ့ အခုလက်ရှိမှာ 

ငါက အကောင်ကြီးလို့ မပြောနိုင်သလို အတိတ်က ဆိုးမိုက်ခဲ့သမျှတွေဟာလည်း အခုအချိန် ဆက်မဖြစ်တော့ဘူးဆိုရင် နှိမ့်ချဆက်ဆံခံရစရာ မလိုပါဘူး။ 

ပြင်လို့မရတဲ့ အမှားမျိုးကတော့ ချွင်းချက်ပါ။

အခုတင်ဆက်ပေးမယ့်ကားကတော့ Total Recall ပါ။ အဲဒီနာမည်က ကျွန်တော်တို့လို ၈၇/၈၈ ပတ်ချာလည်မွေးတဲ့သူတွေအတွက်တော့ ရွှေရောင်အမှတ်တရတစ်ခုပေါ့။ အဲဒီတုန်းကတော့ မင်းသားကြီး Arnold Schwarzenegger (အာနိုး) ပါ။ ၁၉၉၀ ခုနှစ်မှာ ရိုက်ကူးတဲ့ အဲဒီဇာတ်လမ်းမှာတော့ ကမ္ဘာနဲ့ ဗုဒ္ဓဟူးဂြိုလ် (Mars) နဲ့အသွားအပြန်လုပ်ရတဲ့ အကြောင်းဖြစ်ပါတယ်။ ဂြိုလ်သားတွေလည်း ပါတာပေါ့။

အခုတင်ဆက်ပေးမှာကတော့ Extended Cut Version ဖြစ်ပြီး 2012 မှာ ရိုက်ကူးရုံတင်ခဲ့တဲ့ Remake ဇာတ်ကားပါ။ မင်းသား Colin Farrell က အဓိကဇာတ်ဆောင်မင်းသားအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကျောရိုးတစ်ခုလုံး တူရုံတင်မက အဓိကဇာတ်ဆောင် နာမည်များဖြစ်တဲ့ “ဒေါက်ဂ် ကွေ့ဒ်” ၊ “ကားလ် ဟောက်ဇာ” ၊ “ကိုဟေဂန်” ၊ “မယ်လီနာ” ၊ “လော်ရီ” တွေကို အတူတူပြန်သုံးထားပါတယ်။ ဒီဇာတ်ကားမှာတော့ ဗုဒ္ဓဟူးဂြိုလ်နဲ့ ဂြိုလ်သားတွေ မပါလာတော့ပဲ ကမ္ဘာပေါ်က နယ်မြေနှစ်ခုကို အမိုက်စား ဆက်သွယ်ရေးလမ်းကြောင်းနဲ့ ခပ်မိုက်မိုက် ပြန်တင်ဆက်ထားတာပေါ့။ ၁၉၉၀ ခုနှစ်က ဂြိုလ်သားတွေခေတ်စားပြီး ၂၀၁၂ မှာတော့ ရိုးအီလာတာကြောင့် plot ပြောင်းလိုက်တာလို့ ယူဆရပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဘဝကို ငြီးငွေ့လာတဲ့ အလုပ်သမားလေးတစ်ယောက်က ဦးနှောက်ထဲကို မှတ်ဉာဏ်အတုတွေထည့်ပေးပြီး ဖျော်ဖြေမှုပေးတဲ့ “Rekall” ဆိုတဲ့ နေရာ‌ကို သွားရောက်မိပါတယ်။ သူတို့ရဲ့ ဓာတုဗေဒဆေးတွေ ထိုးထည့်လိုက်ချိန်မှာပဲ သူ့ဘဝအမှန်က ရုတ်တရက်ပေါ်ထွက်လာပြီး သူတစ်ချိန်လုံး ထင်နေတဲ့ဘဝတစ်ခုလုံးက အတုအယောင်ဖြစ်ကြောင်း သိလိုက်ရပါလေရော။ သူ့စိတ်ထဲကို မှတ်ဉာဏ်အတုတွေ ရိုက်ထည့်ပေးလိုက်တဲ့ အဖွဲ့အစည်းက သူ့နောက်ကို အသည်းအသန် စပြီး လိုက်ပါတော့တယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com