The Novice (2021)

MM Sub


The Novice ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ပညာရေးကိုသာမကဘဲ အားကစားကိုပါ အလေးပေးကြတဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာ ပညာသင်ဆုရဖို့ ကြိုးစားကြတဲ့ အမေရိကန်လူငယ်ကောင်မလေးတွေရဲ့ ဘဝကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

 


အဲလစ်ဒေါလ်ဟာ မထက်မြက်ပေမယ့် ကြိုးစားမှုကြောင့် ထိပ်ဆုံးရောက်လာတဲ့ကောင်မလေးတစ်ယောက်ပါ။ ကြိုးစားမှုတစ်ခုတည်းနဲ့ ထိပ်ဆုံးရောက်လာတဲ့သူ့အတွက် နားနားနေနေနေပါဆိုတဲ့စကားက မုန်းစရာအကောင်းဆုံးစကားပါပဲ။
စိတ်အစွဲလမ်းကြီးတဲ့ အဲလစ်ဒေါလ်တစ်ယောက် တက္ကသိုလ်စတက်ချိန် လှေလှော်အသင်းကိုဝင်ရာကနေ ဘရေးလ်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခင်မိသွားပါတယ်။
ဘရေးလ်ကတော့ အားကစားထူးချွန်တဲ့ကောင်မလေးဖြစ်ပြီး သူလှေလှော်အသင်းထဲဝင်ရတဲ့အကြောင်းအရင်းကတော့ တက္ကသိုလ်လှေလှော်အသင်းထဲပါဝင်ခွင့်ရပြီး ပညာသင်ဆုရနိုင်ဖို့ပါပဲ။

ဒီလိုနဲ့ လူသစ်တန်းထဲက သူငယ်ချင်းနှစ်ယောက် တက္ကသိုလ်လှေလှော်အသင်းထဲပါဖို့ကြိုးစားကြရင်း တစ်ယောက်ပဲအဆင့်တက်ခွင့်ရှိတဲ့ အခြေအနေမျိုးကို ရင်ဆိုင်တွေ့ကြုံလာရတဲ့အခါ …

 

ကြိုစားလုပ်ရင်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ ဘယ်အရာကိုမဆို လွန်လွန်ကြူးကြူးကြိုးစားတဲ့ အဲလစ်ဒေါလ်နဲ့ ပညာသင်ဆုကိုရမှဖြစ်မယ်ဆိုတဲ့ ဘရေးလ်တို့ ဒီနေရာကိုရဖို့ ဘယ်လိုကြိုးစားကြမလဲ၊ ဘယ်လိုတွေ တွေ့ကြုံ မလဲ ဆိုတာကို ကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

 

ဒီကားလေးထဲမှာတော့ အဲလစ်ဒေါလ်အဖြစ် Isabelle Fuhrman ၊ ဘရေးလ် အဖြစ် Amy Forsyth တို့အပြင် အဲလစ်ကိုသတိထားမိနေတဲ့ သင်ကြားရေးလက်ထောက် ဒန်နီအဖြစ် Dilone ကပါဝင်သရုပ်ဆောင်ထားပါတယ်
Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com