The Innocents (2021)

MM Sub

Dialogue တွေ အတော်များများလျှော့ထားပြီးတော့ ဇာတ်လမ်းပြကွက်များများ..၊ Cinematography တွေ မြိုင်မြိုင်ဆိုင်ဆိုင်ထည့်ထားတဲ့ ရုပ်ရှင်တစ်ကားပဲ..။

မွေးချင်းတွေကြားမှာ ဖြစ်တတ်တဲ့ မနာလိုမှုတွေ ၊ မိဘတွေရဲ့

 မမျှမတဆက်ဆံခံရမှုတွေ..၊ မိဘဆိုးရဲ့လက်ထဲမှာ ကြီးပြင်းလာရတဲ့ ကလေးတွေရဲ့အကြောင်း..။

ကလေးတွေက အမြဲအပြစ်ကင်းသတဲ့..။

ဒီလို အပြစ်ကင်းတဲ့ကလေးတွေမှာ သဘာဝလွန်စွမ်းအားတွေ ရှိနေတဲ့အခါ ဘယ်လိုနေမလဲ..?

ဘာစွမ်းအားတွေလဲ..။ ဘာတွေ လုပ်နိုင်လဲ..။ ဘယ်လောက်အထိ လုပ်နိုင်သလဲ..။

သွေးထွက်သံယိုမြင်ကွင်းတချို့ပါဝင်ပြီးတော့..။

သြချရလောက်တဲ့ သရုပ်စွမ်းရည်နဲ့ ကလေးမလေးသေးသေးလေးရဲ့ မျက်နှာအမူအရာပြောင်းလဲသွားပုံလေးတွေက အစ ကွက်ကွက်ကွင်းကွင်းမြင်တွေ့နေရမယ်..။

အော်တစ်ဇင်ဖြစ်နေတဲ့ အစ်မရှိသူ ရှိနေတဲ့ မိသားစုထဲမှာ အငယ်ဖြစ်ရတဲ့ဒုက္ခရဲ့ စိတ်ကျဉ်းကျပ်မှုကိုလည်း တွေ့ရမယ်..။

ကလေးတွေအကြောင်းကို အဓိကရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပေမဲ့ ကလေးတွေ မကြည့်သင့်တဲ့ရုပ်ရှင်ဇာတ်ကား တစ်ကားပဲ..။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သဘာဝလွန်စွမ်းအားတွေနဲ့ ရုပ်ရှင်တစ်ကားလို့တော့ မညွှန်းပေမဲ့ အချိန်ပေးကြည့်ရတာတော့ တန်တယ်..။

ကြည့်ပြီးရင် တွေးစရာတွေ အများကြီးရမယ်..။

အနှစ်ချုပ်ကတော့ The Innocents ၂၀၂၁ ထဲက တကယ့်ကို အပြစ်ကင်းစင်.. မဟားတရားအပြစ်ကင်းတဲ့ ပိဘီကလေးငယ်တွေကို ကြည့်ပြီးရင်တော့ ကလေးတိုင်းဟာ ချစ်စရာမကောင်းဘူးဆိုတဲ့အချက်ကို လက်ခံလာပါလိမ့်မယ် ခင်ဗျာ..။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com