Duel (1971)

MM Sub

မှော်ဝင်နေတဲ့ ဒါရိုက်တာကြီး စတီဗင် စပီးဘက်ရဲ့ ပထမဦးဆုံး တီဗီရုပ်ရှင်တွေထဲက တစ်ခုကို

 တင်ဆက်ပေးလိုက်ပါတယ်။

ဒီရုပ်ရှင်ဟာ စပီးဘက်ကို ကမ္ဘာကျော်စေခဲ့တဲ့ Jaws, E.T စတဲ့ 

 


ရုပ်ရှင်တွေကိုမရိုက်ကူးခင် ၁၉၇၁ မှာ

ဘက်ဂျက်နည်းနည်းနဲ့ ၁၂ ရက်အတွင်း အပြီးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

ဒါတောင်မှ လက်စောင်းထက်လို့ အော်စကာမဟုတ်တဲ့ အခြားဆုတွေ အများကြီး ရလိုက်ပါသေးတယ်။

ဘယ်လောက်ဘက်ဂျက်နည်းလဲဆို ကားပေါက်ကွဲတဲ့အခန်းကိုတောင် ကားနှစ်စီးဖိုးမတတ်နိုင်လို့တစ်ခါတည်း အပိုင်ရအောင် ရိုက်ခဲ့ရတာပါ။

ဒါပေမဲ့ ဒီနေ့ထိ ဂန္ဓဝင်လက်ရာတွေထဲမှာပါနေတုန်းပါပဲ။

ဇာတ်လမ်းကတော့ဇာတ်ဆောင်နေရာကနေ ဝင်ခံစားကြည့်ရင် အတော်ကို ကြောက်စရာကောင်းပါတယ်။

ရုပ်ရှင်သမိုင်းတစ်လျှောက် စိတ္တဇလူသတ်သမားတွေထဲမှာ အတော်ကို ကို့ရို့ကားယားနိုင်တဲ့ လူသတ်လက်နက်ကို သုံးထားလို့ပါ။

ထရပ်ကားကြီးတစ်စီးပါပဲ။ ဟုတ်ပါတယ် အဝေးပြေးလမ်းပေါ်မှာ လူတွေကို သေအောင် လိုက်တိုက်တတ်တဲ့ စိတ္တဇကားသမားတစ်ယောက်နဲ့ အလုပ်ကိစ္စနဲ့ ခရီးထွက်လာတဲ့ သာမန်လူရိုးလူအေးကြီးတစ်ယောက် လမ်းတလျှောက် အသက်လု ရင်ဆိုင်ရပုံတွေကို ရိုက်ကူးထားတာပါ။

ရင်တဖိုဖိုနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားပါပဲ
Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com