Back to the Outback (2021)

MM Sub
IMDb Rating (6.7) / Rotten Tomatoes (87%)တိရိစ္ဆာန်လေးတွေအားလုံးက ချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ လူတွေက အဆိပ်ပြင်းတဲ့ တိရိစ္ဆာန်တွေဆို မကောင်းဆိုးဝါးတွေလို တူးတူးခါးခါး မုန်းကြတယ်၊ ကြောက်ကြတယ်။ ဒါပေမဲ့ သူတို့ဆီမှာလည်း ကြင်နာတတ်တဲ့ နှလုံးသား၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ဓါတ်ကလေးတွေရှိကြပါတယ်။ဒါကို Back to the Outback ဆိုတဲ့ ကာတွန်းကားလေးမှာ ကွက်ကွက်ကွင်းကွင်းမြင်နိုင်မှာပါ။



 အဆိပ်ပြင်းတဲ့​မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်၊ ပုတ်သင် အစရှိတဲ့တိရိစ္ဆာန်​လေးတွေဟာ တိရိစ္ဆာန်ရုံထဲမှာ မကောင်းဆိုးဝါးတွေအဖြစ်ပြစားခံရပါတယ်။ ဒီထဲမှာမှ ကိုအာလာလို ချစ်ဖို့ကောင်းတဲ့ ကောင်တွေတော့မပါဘူးပေါ့လေ။ဒီကားလေးမှာ ဒီတိရိစ္ဆာန်လေးတွေဟာ လှောင်အိမ်ထဲကရုန်းထွက်ပြီး ဘေးလွတ်ရာကို အသက်စွန့်ပြေးရတဲ့ စွန့်စားခန်းတွေအပြင် သူတို့ဆီမှာ ကန့်လန့်ကန့်လန့်ပါလာတဲ့ ကိုအာလာကိုလည်း ကြည့်ရမှာပါ။သူကတော့ ထွက်ပြေးချင်တာမဟုတ်ဘဲ တိရိစ္ဆာန်ရုံထဲမှာပဲ ကျော့ကျော့မော့မော့နေချင်တဲ့ ငနဲဆိုတော့ ဒီထွက်ပြေးမှုမှာ သူက အတိုက်အခံပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့တိရိစ္ဆာန်လေးတွေဟာ လူတွေလက်ထဲက ရုန်းထွက်သွားပြီး သူတို့တွေနဲ့ ထိုက်တန်တဲ့နေရပ်တစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်အခြေချသွားနိုင်မလားဆိုတာကို Back to the Outback ကြည့်ရင်း ခံစားကြဖို့ ညွှန်းဆိုလိုက်ပါရစေ။
File size…(1.2 GB)/(600 MB)
Quality….WEB-DL 1080p / 720p
Format…mp4
Duration….01:35:00

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com