Atrangi Re (2021)

MM Sub

ရင်ကူး(Sara Ali Khan) ဟာ သူ့ချစ်သူမျက်လှည့်ဆရာလေး ဆာဂျတ်ဒ်အလီ (Akshay Kumar) ကိုအရူးအမူးချစ်ခင်စွဲလန်းသူဖြစ်ပါတယ်။
မတူညီတဲ့ ဘာသာရေးနောက်ခံတွေကြောင့်
ရင်ကူးရဲ့အယူအစွဲကြီးတဲ့အသိုင်းအ၀ိုင်းဟာ သူခိုးရာလိုက်ပြေးတိုင်း မရရအောင်လိုက်ခွဲလေ့ရှိပြီး



နောက်ဆုံးတစ်ကြိမ်မှာတော့ ဆာဂျတ်ဒ် မဟုတ်ရင်ပြီးရောဆိုပြီး
လူတစ်ယောက်ကိုပြန်ပေးဆွဲခေါ်လာပြီး အတင်းအကျပ်လက်ထပ်ပေးလိုက်ပါတော့တယ်၊
အဲ့ဒီလူကတော့ တမီလ်နာဒူးပြည်နယ်ကလာတဲ့ ဆရာဝန်လောင်းလေးဖြစ်တဲ့ ဗီရှူး (Dhanush) ပါပဲ။
ပြဿနာက ဗီရှူးမှာလဲ မကြာခင်စေ့စပ်တော့မယ့်သတို့သမီးလောင်းရှိနှင့်နေပြီးဖြစ်နေတာပါ။
မိဘသဘောတူရုံသက်သက် အချစ်ဆိုတာ ဘာမှန်းမသိဘဲ လက်ထပ်လုဆဲဆဲ ဗီရှူးဟာ
တစ်ပါးသူကိုအရူးအမူးချစ်နေတဲ့ ရင်ကူးကိုစွဲလန်းစပြုလာရာကနေ
သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုအဖြစ်အသက်ဝင်လာပါတော့တယ်။

Dhanush ရဲ့နာမည်ကျော် hindi ဇာတ်ကား Raanjhanaa ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီး Aanand L. Rai ရဲ့လက်ရာဖြစ်ပြီး
ဂီတပိုင်းကိုတာဝန်ယူထားတဲ့သူက A R Rahman ဖြစ်နေတဲ့အတွက် သီချင်းကောင်းကောင်းလေးတွေ လှပတဲ့ရှုမျှော်ခင်းတွေ
ရိုက်ကွင်းရိုက်ကွက်တွေကို ရိုးရာဟန်မပျောက်ဘဲ တွဲဖက်မြင်တွေ့ရမှာပါ။
ဇာတ်လမ်းကိုယ်တိုင်ကလဲ ထွေလာထဲကနဲ့မတူပဲ
ထူးခြားတဲ့အချိုးအကွေ့အလှည့်အပြောင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com