This Game’s Called Murder (2021)

MM Sub

ဒီကားလေးက လူသတ်ကားလေးတစ်ကားဖြစ်ပါတယ်။

ဒါပေမယ့် ကြောင်တောင်တောင်နိုင်တယ်လို့ ပြောရင်ကောင်းမလား စိတ်ဝင်စားဖို့ကောင်းတယ်ပဲ ပြောရင်ကောင်းမလား။ 

 ဒီကားလေးက စိတ်ဝင်စားဖို့လည်းကောင်းသလို သူ့ရဲ့ လူသတ်မှုတွေက တစ်နည်းတစ်ဖုံ ရက်စက်လို့နေပါတယ်။

ဇာတ်လမ်းကတော့ ဖန်စီဇာတ်လမ်းလေးပါ။ ကမ္ဘာ့နာမည်အကြီးဆုံးဖိနပ်အရောင်းကုမ္ပဏီကနေ လူတွေရဲ့ သတင်းအချက်အလက်တွေစုဆောင်းပြီး ပြန်လည်ရောင်းချပါတယ်။ ဒါပေမဲ့ ကုမ္ပဏီပိုင်ရှင် အဖေလုပ်သူရဲ့ သမီးက ပေတေဆိုးသွမ်းပြီး လုပ်ချင်ရာလုပ်တယ်၊ အဲဒီလိုပဲ မယားဖြစ်သူကလည်း ဘာသာရေးအစွန်းရောက်ပြီး ဂေါက်တောက်တောက်လိုဖြစ်နေရှာတယ်။

အဲဒီမှာပဲ မိသားစုအရှုပ်တော်ပုံကနေ ရွှေချောင်းခိုးသယ်တဲ့ကိစ္စအထိဖြစ်လာပြီး လူသတ်ဂိမ်းကစားတဲ့ အခြေအနေဖြစ်လာခဲ့တယ်။ သူတို့က လူသတ်တော့မယ်ဆိုရင် ဂိမ်းကစားရအောင်လို့ အမြဲပြော​လေ့ရှိတယ်။ ကြောင်တောင်တောင်နိုင်တဲ့နည်းနဲ့ လူသတ်နေကြပါပဲ။

အဲဒါကြောင့် ဒီရက်ပိုင်းပျင်းနေလို့ရှိရင်တော့ ဒီကားလေး ဖွင့်ထားပြီး အပျော်သဘောအနေနဲ့တော့ ကြည့်လို့ကောင်းပါတယ်ဆိုတဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။
သတ်ဖြတ်ခန်း​တွေ ကြမ်းတမ်းတာရယ် တချို့ Nudity and Sex scenes ​လေး​တွေ ပါတာမို့ အသက်မပြည့်သူများ မကြည့်သင့်ပါဘူး​နော်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com