The Summit of the Gods(2021)

MM Sub

Manga seriesကို အခြေခံထားတဲ့ ဇာတ်လမ်းသိပ်ကောင်းလှပြီး

ကောင်းမွန်တဲ့ဝေဖန်ချက်တွေပဲရထားတဲ့ animationကားကောင်းတစ်ကားပါ။

ဇာတ်ကောင်တွေဟာ Mangaအခြေခံ ဂျပန်ဇာတ်ကောင်ဖြစ်ပေမယ့် ပြင်သစ်နောက်ခံစကားပြောပါ။


 

လူသားတွေ ဧဝရတ်တောင်ထိပ်ကိုရောက်နိုင်ခဲ့တာ 1953ခုနှစ်ပါ။

ဒါပေမယ့် အဲဒါဟာ ပထမဆုံးကြိုးစားမှုမဟုတ်ပါဘူး။

1924မှာ အင်္ဂလိပ်လူမျိုး ‌George Malloryနဲ့ သူ့အဖော်ဖြစ်သူ Andrew Irvineတို့ဟာ

တောင်ထိပ်ရောက်ဖို့ကြိုးစားရင်း ပြန်မလာနိုင်ခဲ့ကြပါဘူး။

သူတို့ရောက်သွားခဲ့လားဆိုတာဘယ်သူမှမသိနိုင်ခဲ့ပေမယ့် မယ်လိုရီရဲ့ကင်မရာကိုရှာတွေ့ခဲ့ရင်တော့

အဖြေရနိုင်ပါတယ်။ နှစ်ပေါင်း ၇၀ကြာပြီးနောက်မှာ ဂျာနယ်လစ်ဓာတ်ပုံသမားတစ်ယောက်ဟာ

ဧဝရတ်တောင်ကိုဂျပန်အဖွဲ့တွေနဲ့ လိုက်တက်ပြီးဓာတ်ပုံလိုက်ရိုက်ရင်းနဲ့

တစ်ချိန်ကတောင်တက်အကျော်အမော်တစ်ဦးဖြစ်ခဲ့သူ ဟဘူဂျိုဂျီမှာ အဲ့ကင်မရာရှိမှန်းသိသွားတဲ့အခါမှာတော့

မယ်လိုရီပုစ္ဆာကိုအဖြေရှာရင်းဆောင်းပါးရဖို့အတွက်

လူမြင်ကွင်းကနေပုန်းကွယ်နေတဲ့ ဟဘူကိုလိုက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။

ဇာတ်လမ်းဟာ ကင်မရာကိုလိုက်ရှာချင်တာတင်မဟုတ်ပဲ

ဟဘူရဲ့စိတ်ဝင်စားဖွယ်တောင်တက်‌စွန့်စားခန်းတို့ကို နောက်ကြောင်းပြန်ကောက်ကာ

ဇာတ်ကြောင်းပြောရင်းနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားပါတယ်။ လူတွေဘာလို့တောင်တက်ကြတာလဲ၊

ဘာလို့သက်စွန့်ဆံဖျားကြိုးစားပြီး အန္တရာယ်အရမ်းများတဲ့အရာကိုစိန်ခေါ်ရတာလဲဆိုတဲ့မေးခွန်းတွေကို

တစ်စိတ်တစ်ပိုင်းအဖြေထုတ်လှစ်ဟပြသွားနိုင်တဲ့ အနှစ်သာရပြည့်ဝတဲ့

animationကားတစ်ကားပါ။ ဇာတ်လမ်းပြီးသွားသည့်တိုင်အောင် အချိန်ကုန်မှန်းမသိလိုက်စေပဲ

တောင်တက်သမားတွေရဲ့စိတ်နဲ့ စိတ်ဝင်စားစရာစွန့်စားခန်းတွေကို ရင်ဖိုဖွယ်ကြည့်ရှုခံစားရမှာပါ။

အညွှန်းထက် ဇာတ်လမ်းကအများကြီးပိုကောင်းနေတာကို ကြည့်ပြီးရင်သိသွားမှာပါ။
Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com