The Blind Swordsman: Zatoichi (2003)

MM Sub


ဒီဇာတ်လမ်းလေးဟာ ဆာမူရိုင်း 

အကြောင်းရိုက်ကူးထားတဲ့ ဇာတိုအိချိ ဆိုတဲ့
ဇာတ်လမ်းတွဲကို

 ပြန်လည် အသက်သွင်း ရိုက်ကူးထားတဲ့ 

ရုပ်ရှင်လေးပါ

 မျက်မမြင် အနှိပ်သည်ယောင် ဆောင်ထားတဲ့ တုနှိုင်းမဲ့ ဓားသမားတစ်ယောက်
ခြေဦးတည့်ရာ လျှောက်သွားရင် လူမိုက်ဂိုဏ်းတွေ ကြီးစိုးနေတဲ့ မြို့လေးတစ်မြို့ဆီ
ရောက်လာခဲ့တယ်။

မြို့ကိုရောက်တဲ့အချိန်မှာ လယ်သမား 

မိသားစုလေးတစ်ခုနဲ့ တွေ့မိပြီး
အပြန်အလှန် ရိုင်းပင်းကူညီရင်း ခင်မင်သွားခဲ့တယ်။

တစ်နေ့မှာတော့ မျက်မမြင်အနှိပ်သည်ဟာ စိတ်ပြေလက်ပျောက် လောင်းကစားဝိုင်းသွားရာမှ
ဝိုင်းမှာ မတရားလုပ်နေတဲ့ လူမိုက်ဂိုဏ်းကို နှိပ်ကွပ်ဆုံးမလိုက်တာကြောင့်
လူမိုက်ဂိုဏ်းတွေရဲ့ ရန်ငြိုးထားခြင်းကို ခံခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ ကလေးဘဝမှာ တောပုန်းဓားပြတွေရဲ့ လက်ချက်ကြောင့်
မိဘတွေနဲ့ မျိုးရိုးဂုဏ်ကိုပါ ဆုံးရှုံးလိုက်ရတဲ့ မောင်နှမလေးနှစ်ယောက်ကလည်း
လက်စားချေဖို့ ကြိုးစားရင်း

 အဆိုပါ မြို့လေးကို ရောက်ရှိလာကြပါတယ်။

မျက်မမြင်အနှိပ်သည် တစ်ယောက် 

လူမိုက်ဂိုဏ်းရဲ့ ရန်က လွတ်ပါ့မလား၊
မောင်နှမလေးနှစ်ယောက်ကကော 

သူတို့မိဘတွေအတွက် သွေးကြွး 

ဆပ်နိုင်ပါ့မလား ဆိုတာကိုတော့
ဆက်လက်စောင့်ကြည့်ကြပါစို့။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com