Soulmates (2021)

MM Sub


 

ကိုယ်နဲ့အမြဲတမ်းတတွဲတွဲ

ရှိနေခဲ့တဲ့သူငယ်ချင်းက နောက်သူငယ်ချင်းအသစ်ရသွားတဲ့အခါတို့၊

ရည်းစားရသွားတဲ့အခါတို့ အဲဒီလိုအသစ်ရသွားပြီး ကိုယ့်ကိုပလစ်ပစ်တဲ့အဖြစ်မျိုးကြုံဖူးကြလား ..?

 

မကြုံဖူးတဲ့သူတွေတော့သိလောက်မှာမဟုတ်ပေမယ့်

ကြုံဖူးတဲ့သူတွေအတွက်ကတော့ တကယ့်ကိုဝမ်းနည်းစရာ ဒေါသထွက်စရာအဖြစ်ပါ။

Vermont ပြည်နယ်မှာ ဟိုးငယ်ငယ်လေးထဲက တစ်မြို့တည်းအတူနေ တစ်ကျောင်းတည်းတက်ပြီး

အတူတူကြီးပြင်းခဲ့ကြတဲ့ Jess နဲ့ Sam ဆိုတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်ရှိကြတယ်။

သူတို့ပြည်နယ်လေးရဲ့ အဓိကနာမည်ကြီးလုပ်ငန်းကတော့ Mapel Syrup ထုတ်တာပေါ့။

ဒီလိုနဲ့တစ်ရက်မှာ ယာမြေလုပ်ငန်း မွေးမြူခြံလုပ်ငန်း အများဆုံးလုပ်ကိုင်ကြတဲ့ သူတို့ပြည်နယ်ကို

ပီတာဆန်ဆိုတဲ့ Mapel Syrup စက်ရုံကြီးလာတည်ပါလေရော။

ကိုယ့်မြေပေါ်ကျူးကျော်ပြီး ကိုယ့်လုပ်ငန်းကိုလာလုနေတဲ့ ပီတာဆန်ကလူတွေကို

Jess နဲ့ Sam တို့နယ်ခံတစ်အုပ်က မကြည်ကြပါဘူး။

မကြည်နေတဲ့ကြားထဲမှ Jess က ပီတာဆန်လုပ်ငန်းရဲ့တာဝန်ခံ London နဲ့ချစ်ကြိုက်သွားပါတော့တယ် (ခုမြင်ခုကြိုက်သွားတာနော် အံ့ပါ့:,))

ထုံးစံအတိုင်း လူတွေကရည်းစားရသွားရင် နှစ်အကြာကြီးခင်လာတဲ့သူငယ်ချင်းဘာညာလည်းမမြင်တော့ဘူး

အကုန်ပလစ်ပြီး ရည်းစားသည်သာနံပတ်မှာ “တစ်”ကြတာမဟုတ်လား။

အဲဒီမှာတင် သူ့နေရာကိုလုသွားတယ်ဆိုပြီး London ကိုတင်းနေတဲ့ Sam တစ်ယောက်

ဒီအတွဲကိုမပြတ်ပြတ်အောင် ဘယ်လိုတွေဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်သုံးပြီး

ခလောက်ဆန်မလဲဆိုတာကို comedy ဆန်ဆန် ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။




Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com
Tags