Single All the Way (2021)

MM Sub

ရိုမန်တစ်ခရစ္စမတ်ရာသီဆိုတော့ ဒီတစ်ခါလည်း ရိုမန်တစ် ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ

ဒီရိုမန်တစ်ဇာတ်လမ်းလေးကတော့ ဂေးနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးပါ

 ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ

ပီတာက သူ့ဇာတိ နယူးဟမ့်ရှိုင်းယားနယ်လေးကနေ အယ်လ်အေမှာ အခြေချခဲ့တာ ကိုးနှစ်ကြာခဲ့ပါပြီ

အယ်လ်အေမြို့ကြီးမှာတော့ အရမ်းချော အရမ်းခန့် အရမ်းသန့်တဲ့ ကောင်လေးတွေကို ဘူဖေးလိုပဲ ရိုက်သတ်လို့မကုန်နိုင်အောင် အများကြီးတွေ့ခဲ့ရပါတယ်တဲ့

ဒါပေမယ့် ပီတာတစ်ယောက်ကတော့ အချစ်ကံခေသူပဲ ဆိုရမလား တွဲသမျှလူတိုင်းနဲ့ လပိုင်းလောက်ပဲခံပြီး ပြတ်သွားကြတာချည်းပါပဲ

မိသားစုကလည်း ခရစ္စမတ် အိမ်ပြန်လာတိုင်း ဆင်ဂယ်ဖြစ်နေတဲ့သူ့ကို မြန်မြန် လက်တွဲဖော်ရှာဖို့ အမြဲတဖွဖွနဲ့ပေါ့နော်

အဲဒီလို နားပူနားဆာလုပ်တာတွေ မခံနိုင်တော့တဲ့ ပီတာတစ်ယောက် ဒီနှစ်ခရစ္စမတ် အိမ်ပြန်တဲ့အခါမှာတော့ သူ့အခင်ဆုံးသူငယ်ချင်းနစ်ခ်ကို ရည်းစားဟန်ဆောင်ခိုင်းမယ်ဆိုတဲ့ အကြံအစည်ကြီးနဲ့ နှစ်ယောက်သား နယူးဟမ့်ရှိုင်းယားဇာတိမြို့‌လေးကို ထွက်လာခဲ့ကြလေ‌ရဲ့

ပီတာတစ်ယောက် ဇာတ်လမ်းနာမည်အတိုင်း single all the way ပဲ ဆက်သွားမလားဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com