See You Next Christmas (2021)

MM Sub



ဒီဇာတ်လမ်းလေးဟာ Before trilogy လို vibe မျိုး ပေးတဲ့ ဇာတ်လမ်းမျိုးပါ
ဒီကားလေးမှာတော့ ခရစ်စမတ် ၆ ခုကို အခြေခံ ရိုက်ကူးထားပါတယ်

ဇာတ်လမ်းအကျဉ်း

နာတာလီဆိုတဲ့ ဂေါ်မစွံအပျိုကြီးမမဟာ အများတကာ ပျော်မြူးနေတဲ့
ခရစ်စမတ်လို အချိန်တွေမှာလည်း အိမ်ထဲအောင်းနေတတ်သူပါ

 

နှစ်တစ်နှစ်ရဲ့ ခရစ်စမတ်မှာတော့ သူ့ရဲ့ အစ်မ၀မ်းကွဲဖြစ်သူ ကလာ့ခ်မိသားစုရဲ့
ကလာ့ခ်မတ်စ်ပါတီကို မိခင်ရဲ့ တိုက်တွန်းမှုကြောင့် ရောက်သွားတဲ့ အခါမှာတော့
သူလိုပဲ တစ်ကိုယ်တည်း လူပျိုကြီး လိုဂန်ဆိုသူနဲ့ တွေ့ဆုံ ငြိစွန်းခဲ့ကြပါတယ်။

သိုပေမဲ့ မရေရာမှုတွေနဲ့ သူတို့ ငြိစွန်းမှုက one night love လိုဖြစ်နေပြီး
ပါတီပြီးဆုံးချိန်မှာ ခရစ်စမတ်ပြီးဆုံးချိန်မှာ အရာအားလုံးက တိတ်ဆိတ်သွားခဲ့ပါတယ်။

ဒီလိုနဲ့ နဂိုမူလ အပျိုကြီး လူပျိုကြီး ဘ၀တွေပြန်ရောက်သွားကြပြန်ပါရော။

သူတို့ ၂ ယောက်ရဲ့ တွေ့ဆုံချိန်ဟာ နှစ်တစ်နှစ်ရဲ့ ခရစ်စမတ်အချိန်အခါ
ဒီနေရာလေးမှာပဲ အမြဲ ဖြစ်နေခဲ့ပါတယ်။

ဒီတော့ နောင်လာမယ့် ခရစ်စမတ်တွေမှာရော သူတို့ ၂ ယောက် ဘာတွေ ဘယ်လိုဆက်ဖြစ်ကြမလဲ။ ဘယ်လို ဇာတ်လမ်းတွေ ရေးဆွဲကြဦးမလဲ ခံစားကြည့်ရှုပေးပါဦးခင်ဗျာ

 


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com