Raging Flower (2018)

MM Sub

အခုလိုကာလလေးမှာ အက်ရှင် ဟာသကားလေးကြည့်ရတာက စိတ်ကို အနည်းငယ်သက်သာရာရစေမှာအမှန်ပါပဲ။ နာမည်ကြီး အက်ရှင်ဟာသကားတွေကြားက Raging Flowers ဆိုတဲ့ တရုတ် အက်ရှင် ဟာသကားလေးကို ညွှန်းချင်ပါတယ်။ကူ​လေ နဲ့ ပိုင်ရိုနန် တို့ ကျောင်းသူ၂​ယောက်ဟာ ကျောင်းကလွှတ်တဲ့ Camp အတွက် ထိုင်းနိုင်ငံအသွား အပျော်ကနေ အပျက်ဖြစ်လာတဲ့ ဇာတ်လမ်းလေးကို ဟာသနှောပြီးကြည့်ရမှာပါ။ ထိုင်းနိုင်ငံရောက် တရုတ်တွေဖြစ်တော့ ပေါက်ကရတွေဖြစ်၊ ကြောင်တောင်တောင်တွေနိုင်တဲ့အပြင် သူတို့ရဲ့ ဆရာမကိုလည်း ရာဇဝတ်ဂိုဏ်းတစ်ခုက ပြန်ပေးဆွဲသွားတဲ့အခါမှာတော့ “အမလေး ငါသွေးတက်” ဖြစ်သွားတော့တာပါပဲ။



ဆရာမကို ကယ်ဖို့ ဇာတ်လမ်းတွေလုပ်ရင် ပလန်တွေဆွဲရင် အသေတီးကြတာကိုလည်း ကြည့်ရမှာဖြစ်တော့ Raging Flower (ဒေါသပုန်ထသော ပန်းကလေး) ဆိုတဲ့အတိုင်း မင်းသမီးချောချောလေးတွေကို ဟာသနှောပြီး ငမ်းရမှာအသေအချာပဲဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com