Race to Witch Mountain (2009)

MM Sub


ကိုယ်နေထိုင်ရာဂြိုလ်ကြီးက ပျက်ဆီးသေဆုံးတော့မယ်ဆိုတော့ စကြာဝဠာကို ခြေဆန့်ခရီးထွက်ပြီး အိမ်အသစ်ရှာကြမယ့်
ဂြိုလ်သားများ ကမ္ဘာမြေပေါ်ကို တည့်တည့်ကြီး ရောက်လာပါတော့တယ်


တစ်ချို့က ကမ္ဘာပေါ်က ဇီဝရုပ်တွေကိုလေ့လာပြီး မိမိတို့ဂြိုလ်ကို ပြန်အသက်သွင်းဖို့ ကြံစည်ကြတဲ့
သိပ္ပံပညာရှင်ဂြိုလ်သားတွေရှိသလို လက်နက်အားကိုး ကမ္ဘာကိုသိမ်းပြီး ကျူးကျော်နေထိုင်မယ့်
စစ်သားဂြိုလ်သားတွေလည်းရှိတာပေါ့။

အဲဒီကြားထဲကမှာ မိမိတို့ဂြိုလ်ကိုပဲ ကယ်တင်ချင်တဲ့ ဂြိုလ်သား ကလေးအရွယ် နှစ်ယောက်ဟာ ကမ္ဘာပေါ်က သူတို့မိဘတွေ
လုပ်လက်စ စမ်းသပ်မှုတွေကို လာယူမှာပါ။ အဲဒီစမ်းသပ်မှုက သူတို့ဂြိုလ်ကို ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်တာကို
ခေါင်းဆောင်တွေကို ပြန်ပြလို့ ကမ္ဘာမြေကို ဒုက္ခမပေးမယ့်လမ်းကို ရွေးချင်သူတွေပါ။

သူတို့ရဲ့ ကမ္ဘာမြေခရီးမှာ ရာဇဝတ်မှုတွေနဲ့ ကြီးပြင်းလာပြီးမှ ရိုးရိုးသားသား အငှားယာဉ်မောင်းစားနေတဲ့
ကျွန်တော့်အကြိုက်ဆုံးမင်းသား Dwayne Johnson ရယ်၊ နက္ခတ္တရူပဗေဒပညာရှင် ဒေါက်တာမမရယ်တို့နဲ့ ပေါင်းမိပြီး ဘာတွေဖြစ်လို့ ဘာတွေဖြစ်ကြမယ်ဆိုတာ ကြည့်ရှုရပါမယ်။

Fantasy ကားတွေရိုက်တဲ့နေရာမှာ နာမည်ကြီးတဲ့ Walt Disney က တင်ဆက်ပေးထားတာဖြစ်ပြီး မင်းသားကလည်း Dwayne Johnson ဆိုတော့ မကောင်းမှာ မပူကြပါနဲ့လို့…
ကြည့်ပြီးသားဆိုရင်တောင် ပြန်ကြည့်ဖို့အတွက် ထိုက်တန်တဲ့ ဇာတ်ကားလေးပါ…


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com