Master and Commander: The Far Side of the World (2003)

MM Sub

အကောင်းဆုံးနဲ့အပီပြင်ဆုံးရေကြောင်းတိုက်ပွဲ ရုပ်ရှင်တွေကို ပြောဆို ဒီရုပ်ရှင်က ထိပ်ဆုံးက ပါစမြဲပါပဲ။

အော်စကာ ၂ ဆု စကာတင် ဆယ်ဆု နဲ့ အခြားဆုတွေ အများကြီး ရထားပါတယ်။

 

နပိုလီယံစစ်ပွဲများကာလ ၁၈၀၅ခုနှစ်အတွင်းမှာ ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့

ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်

အချိန်ကတော့ အင်္ဂလန်ပြည်နဲ့ ပြင်သစ်ပြည်တို့ အားပြိုင်နေကြတဲ့အချိန်ပေါ့

ဗြိတိသျှတော်ဝင်ရေတပ်သင်္ဘောတစ်စင်းဖြစ်တဲ့ ‘စပရိုက်’သင်္ဘောကြီးဟာ

ပြင်သစ်ပုဂ္ဂလိကပိုင်တိုက်သင်္ဘော ‘အာခရွန်’ ရဲ့ အလစ်တိုက်ခိုက်ခြင်းကို နှစ်ကြိမ်တိတိခံခဲ့ရပါတယ်

လူအင်အားရော၊ လက်နက်အင်အားရော မမျှရုံမက ကိုယ်ထည်တောင့်တင်းတဲ့ ရန်သူ့သင်္ဘောကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ

ဗြိတိသျှကပ္ပတိန်ကြီး ဂျက်အော်ဘရီအတွက် ဗျူဟာတွေဆိုတာ မဖြစ်မနေလိုအပ်လာပါတယ်

ပင်လယ်ပြင်တိုက်ပွဲဖြစ်တဲ့အတွက် အက်ရှင်ခန်းတွေ အများကြီးမပါပေမယ့်

ကပ္ပတိန်အော်ဘရီရဲ့ စစ်ဗျူဟာတွေကတော့ တကယ်ဩချရလောက်ပါတယ်။

သင်္ဘောပေါ်ကဘဝ ပင်လယ်ရဲ့အလှ ပင်လယ်ရဲ့ခက်ထန်မှုတွေကို တင်ဆက်ထားတဲ့

cinematography တွေလည်း တော်တော်လေးကိုလှပါတယ်

ဒါကြောင့်လည်း အော်စကာ ၁၀ ဆု ဆန်ကာတင်ခဲ့ပြီး Best Cinematography နဲ့ Best Sound Editing နှစ်ဆုကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်မှာပါ

ကပ္ပတိန်အော်ဘရီအနေနဲ့ကတော့ Gladiator မင်းသားကြီး Russell Crowe က ပုံဖော်ပေးထားပါတယ်

ဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်ဘဲ fictional character တွေနဲ့ပဲ တည်ဆောက်ထားတာဖြစ်ပေမယ့်

စစ်ရဲ့အငွေ့အသက်တွေကို ဖော်ဆောင်ပေးနိုင်မယ်ထင်ပါတယ်

မူရင်းရေးသားသူ စာရေးဆရာကြီး Patrick O’Brian ကိုလည်း အတော်လေးချီးကျူးထားကြပါတယ်

Period war drama ကြိုက်သူတို့အဖို့ old but gold ကားကောင်းတစ်ကား ဖြစ်မယ်ထင်ပါတယ် ကြည့်ရှုလိုက်ကြပါဦး



Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com