Little Fockers (2010)

MM Sub

သားမက် နဲ့ ယောက္ခထီးဆိုတာ များသောအားဖြင့်မတည့်ကြတာ များပါတယ်
တည့်ပြန်ရင်လည်း သားမက်ဘက်ကနေ သည်းခံရတဲ့အပိုင်း‌တွေ ယောက္ခထီး အထင်ကြီးအောင်လို့လုပ်ယူနေရတဲ့အပိုင်းတွေရှိတာပါပဲ

 

ဒီဇာတ်လမ်းကလည်း သားမက်နဲ့ ယောက္ခမ ကြားက အလွဲအချော်တွေ အထင်လွဲတာတွေကိုမှ အတည်ပေါက်ဟာသလေးတွေနှောပြီး ရိုက်ထားတဲ့ Meet The Parents trilogy ရဲ့ နောက်ဆုံး ရုပ်ရှင်ပဲဖြစ်ပါတယ်

နောက်ဆုံး ရုပ်ရှင်ဖြစ်သလို အခွီရဆုံးလည်းဖြစ်မှာပါ မင်းသားကြီး Robert De Niro နဲ့ Ben Stiller တို့ရဲ့ bromance တွေ Dramatic moments တွေကို ပိုမြင်ရမယ့် အပိုင်းဆိုလည်း မမှားပါဘူး
အဲ ယောက္ခထီးနဲ့ သားမက်ရဲ့ လက်ရုံးရည်ချင်းယှဉ်ကြတဲ့ အခန်းတွေလည်းပါသေးတယ်နော်

ဇာတ်လမ်းကတော့ ဂရက်နဲ့ ပမ်နဲ့ လက်ထပ်ပြီးတဲ့ နောက် သားလေးတစ်ယောက် သမီးလေးတစ်ယောက် ဆိုပြီး အမြွှာနှစ်ယောက်ရခဲ့ပါတယ်
ကလေးရပြီးတဲ့နောက်ပိုင်းမှာ သူတို့ အိမ်ထောင်ရေးအခြေအနေက အရင်လိုသာယာနိုင်ဦးမလား ဘယ်လိုအနှောင့်အယှက်တွေရှိလာဦးမလဲ
ဂျက် ကလည်း သူတို့‌မြေးလေးနှစ်ယောက်ရဲ့ ငါးနှစ်ပြည့်မွေးနေ့ပါတီအတွက်အိမ်အလည်လာရင်းနဲ့ ဂရက်ရဲ့ တလွဲတချော်တွေကို ဘယ်လိုအထင်လွဲမိပြီး ဘယ်လို ပြန်အဆင်ပြေသွားမလဲ ဆိုတာ ကြည့်ရှုခံစားရမှာပါ


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com