City of Angels (1998)

MM Sub


 

အထိအတွေ့၊ အနံ့အသက်၊ အရသာ 

အစရှိတာတွေအပြင် နာကျင်ခြင်း ကြောက်ရွံ့ခြင်းကိုပါ ခံစားလို့မရတဲ့ နတ်သားတစ်ပါး…

လူတွေသေဆုံးခါနီးတိုင်း သူသွားခေါ်ပေး နှစ်သိမ့်ပေးနေကျ…

ဒါပေမယ့် တစ်ရက်မှာတော့ ဆေးရုံမှာ သူသွားခေါ်ရတဲ့ 

 သေဆုံးခါနီးလူနာတစ်ယောက်ကြောင့်
စိတ်ဓာတ်ကျပြီး ဝမ်းနည်းပူဆွေးသွားတဲ့ ခွဲစိတ်ဆရာဝန်မလေးကိုတွေ့လိုက်ရချိန်မှာတော့
နတ်သားလေးရဲ့ဘဝက လုံးဝကိုပြောင်းလဲသွားပါ​တော့တယ်…

အချစ်ဆိုတာကို သူနားမလည်သေးပေမယ့် ကောင်မလေးနားမှာပဲ သူနေချင်တယ်၊ အကြောင်းအရာတွေကိုသိချင် စပ်စုချင်တယ်…
ဒါပေမယ့် သူဟာ နတ်သားတစ်ပါးဖြစ်ပါတယ်ဆိုတာ ပြောပြဖို့ခက်ခဲနေခဲ့တယ်… အဲဒီလိုနဲ့ ဆေးရုံမှာ နတ်သားဘဝကနေ လူ့ပြည်ဆင်းလာပြီး ဘဝကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်နဲ့တွေ့တဲ့အခါ နတ်သားလေးက ဆရာဝန်မလေးနဲ့ နီးစပ်ဖို့ ကြိုးစားပါတော့တယ်…

“သူ့ကို မထိတွေ့ရတဲ့ ထာဝရဘုံမှာ နေမယ့်အစား သူ့ဆံနွယ်လေးကို တစ်ခါလေး ရှူရှိုက်ရဖို့ သူ့ နှုတ်ခမ်းလေးကို တစ်ခါလေး နမ်းရဖို့ သူ့လက်ကလေးကို တစ်ခါလေး ကိုင်ရဖို့အတွက် ငါ လုပ်မှာပါ” တဲ့…

မင်းသားကြီး Nicolas Cage ဘယ်လိုတွေ ဘယ်လောက်အထိရိုမလဲ အချစ်အတွက် သူဘာ​တွေ ​ပေးဆပ်မလဲ ဘာလုပ်မှာလဲဆိုတာ​တော့ ပိတ်ကား​ပေါ်မှာ ခံစားကြည့်ရှုကြဖို့ ညွှန်းချင်ပါတယ်ခင်ဗျာ…


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com