Chhorii (2021)

MM Sub

Horrorကြိုက်သူတွေ အကြိုက်‌တွေ့စေမယ့် အိန္ဒိယကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။

ကလေးချစ်တတ်ပြီး မိဘမဲ့ဂေဟာNGOမှာ ဦးစီးဦးဆောင်လုပ်နေတဲ့

ဆာ့ခ်ရှီဟာကိုယ်ဝန်၈လရနေပြီဖြစ်တဲ့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးပါ။

 ယောက်ျားဖြစ်သူ ဟယ်မန့်က 

စီးပွားရေးအတွက်ရင်းနှီးငွေတွေ အလိမ်ခံလိုက်ရပြီး

အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ကြုံတွေ့လာချိန်…..

 တစ်နေရာမှာ ပုန်းရှောင်နေဖို့အတွက်အကြောင်းဖန်လာပါတော့တယ်။

စိုက်ခင်း‌တွေကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာကအိမ်မှာ ခဏရှောင်နေကြရင်းက ဒီဇာတ်လမ်းက အစပြုလာပါတယ်။

ပုံမှန်မဟုတ်တဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာမှာ

ဆာ့ခ်ရှီက သူနဲ့ သူ့ရဲ့မမွေးသေးတဲ့ကလေးကို ကာကွယ်ဖို့ လွတ်မြောက်အောင် ကြိုးစားရင်း

ဇာတ်လမ်းရဲ့မြှုပ်ထားတဲ့ ဇာတ်ကွက်တွေက တဖြည်းဖြည်းရုပ်လုံးပေါ်လာပါတယ်။

ထူးဆန်းတဲ့ကလေး၃ဦးနဲ့ မီးလောင်ကျွမ်းနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဝိဉာဉ်က ဘာအတွက် မကျွတ်မလွတ်ဖြစ်နေရတာလဲ????

ဘာကိုအငြိုးကြီးနေခဲ့လို့ ဒီစိုက်ခင်းကြီးကကိုယ်ဝန်သည်တွေအတွက် ကျိန်စာတစ်ခုလိုဖြစ်နေရတာလဲ????

မေးခွန်းတစ်ခုပြီးတစ်ခု ပေါ်လာရင်းက
ဆာ့ခ်ရှီရဲ့ ရုန်းကန်မှုတွေနဲ့အတူ

ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။

မိခင်မေတ္တာကြီးမားပုံကိုလည်းခံစားရမယ့်အပြင်

ဇာတ်လမ်းရဲ့ ဇာတ်ကွက် လှည့်စားမှုအနည်းငယ်ကလည်း ကြည့်နေတဲ့လူကို အံ့အားသင့်စေဦးမှာပါ။

နောက်ဆုံးအနေနဲ့ တကယ့်ကားကောင်းလေးမို့လို့ လက်လွှတ်မခံပါနဲ့လို့ ညွှန်းလိုက်ပါတယ်နော်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com