Babylon A.D. (2008)

MM Sub

မင်းသားကြီး Vin Diesel ရယ်၊ တရုတ်မင်းသမီး Michelle Yeoh ရယ်၊ 20th Century Fox production ရယ်နဲ့တင် ဒီဇာတ်ကားက ကြည့်ဖို့ ထိုက်တန်နေပါပြီ။ rating နည်းပေမယ့်လို့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရင်ဘတ်နဲ့ rating နဲ့ သိပ်မကိုက်ညီတာမျိုးတွေလည်း ရှိတတ်ပါတယ်။

 

ခေတ်လွန်နှောင်းပိုင်းအခြေ‌အနေတွေမှာ 

လူတွေရဲ့ ရှင်သန်ရပ်တည်ပုံတွေ နည်းပညာတွေကို ခပ်ပါးပါးလေး ပြထားတဲ့ဇာတ်ကားပါ။ 2008 ခုနှစ်က ထွက်ခဲ့ပြီး ကားဟောင်းတစ်ကားဖြစ်ပေမယ်လို့ ပြန်ကြည့်ထိုက်တဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားမှာ ကြေးစားစစ်သားတစ်ယောက်ရဲ့ ရုန်းကန်ရှင်သန်ရပ်တည်မှု၊ ဘာသာရေးခုတုံးလုပ်ပြီး အကျိုးရှာချင်တဲ့ ခေါင်းဆောင်တစ်ယောက်၊ ဓာတ်ခွဲခန်းထဲက ဘဝစခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ခံစားချက်နဲ့ စတေးခံရမှုတွေအကြောင်း ထူထူမပုတ်ဘဲ ပါးပါးလျပ်လျပ်ပဲ ပြသွားတာမလို့ သေချာအာရုံစိုက် ဆွဲထုတ်ဖို့တော့ လိုမယ်ထင်ပါတယ်။

မင်းသားကြီး Vin Diesel ဒီဇာတ်ကားထဲမှာ ကြမ်းပြ ရမ်းပြနေရတာထက် မျက်လုံးတစ်ပေါက်နဲ့ သရုပ်ဆောင်ပြနေ‌လို့ ကြွေရတဲ့ ဇာတ်ကားပါပဲ။ မင်းသမီးကြီး Michelle Yeoh ကလည်း သိပ်ပြီး တိုက်ပြခိုက်ပြမနေဘဲ လိုအပ်သလောက်ပဲ ပေါ်လွင်အောင် ပြသွားတာမလို့ တစ်မျိုးခံစားရပြန်ပါတယ်။ ကျန်တာကိုတော့ ခင်ဗျားတို့ပြောဖို့ပဲ ချန်ထားလိုက်ပါတော့မယ်ဗျာ… ကိုယ်တိုင်သာ ခံစားကြည့်ရှူလိုက်ကြပါ…


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com