Azzurri: The Road to Wembley (2021)Blue Dream

MM Sub

၂၀၂၀ ကတည်းကကျင်းပရမယ့် Euro 2020 ဖလားဟာ၊ Covid ကြောင့် တစ်နှစ်ရွေ့ဆိုင်းပြီး မနှစ်က အင်္ဂလန်မှာကျင်းပခဲ့ပါတယ်။ အသင်းတိုင်းလည်းအကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး လူငယ်ခြေတက်ကစားသမားတွေနဲ့ အင်္ဂလန်တို့ကလည်း 

 

ဗိုလ်လုပွဲထိတက်လာနိုင်ခဲ့ပြီး၊ တစ်ဖက်မှာလည်း အုပ်စုကို ပေးဂိုးမရှိနဲ့တက်လာခဲ့တဲ့ ရော်ဘတ်တို မန်ချီနီရဲ့ အီတလီသားတို့ကလည်း ဗိုလ်လုပွဲထိကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ အင်္ဂလန်သားတို့ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုနဲ့ အီတလီသားဂိုးသမား ဒွန်နာရာမာရဲ့ အကောင်းဆုံးပုတ်ထုတ်ကာကွယ်မှုတွေကနေ အီတလီသားတို့ အပြာရောင်အိပ်မက်ကြီးကိုအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

ဒီ Documentary ကတော့ အီတလီသားတို့ရဲ့ ဗိုလ်လုပွဲအထိဖြတ်သန်းလာပုံတွေကို အီတလီသားတစ်ယောက် အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဘောလုံးသမားတွေရဲ့ ကမ်ပိန်းအတွင်းမှာ တစ်နေ့တာဖြတ်သန်းပုံ၊ နေ့စဉ်နေထိုင်ပုံ၊ လေ့ကျင့်ရေး ဆင်းပုံတွေကို အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
အီတလီဖန်တွေအတွက်တော့ တကယ့်ဂုဏ်ယူစရာနဲ့ ကြည်နူးစရာအဖြစ် တသသ ပြန်ကြည့်နေရမယ့် Documentary တစ်ခုပါပဲ။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com