Annaatthe (2021)

MM Sub


အချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ထင်တဲ့အယူအဆကိုယနေ့တိုင်လက်ခံထားတဲ့သူတွေရှိသလို၊

လက်မခံထားတဲ့သူတွေဆိုတာလည်းရှိ‌သပေါ့လေ။ 

လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့

ရှုထောင့်အထွေထွေနဲ့ရှုစားကြရာမှာအနီးစပ်ဆုံးမှန်သွားတယ်ဆိုတဲ့ဟာတွေကိုတစ်အုပ်စုခွဲပြီးမှတ်ရတာပေါ့။

တမီးလ်ကားတွေကိုအရင်ကမြန်မာပေါကားတွေလောက်ပဲထင်ခဲ့ 

 

ဘောလိဝုဒ်ကိုမမီပါဘူးလို့ထင်ခဲ့မိပေမဲ့

တကယ့်တမီးလ်ကားကောင်းတွေကိုကြည့်မိပြီးသွားတဲ့အခါ တမီးလ်ကားတွေကြည့်ရတာလည်း

ကျွန်တော်သဘောကျတတ်လာတယ်ဗျ။ တမီးလ်ကုလားကားဆိုတဲ့အတိုင်း သီချင်းလေးတွေပါ

ကန်ရင်လေပေါ်လွင့်ထွက်သွားတာတွေက ယုတ္တိမတန်တာကလွဲရင် ကြည့်လို့လည်းကောင်းသလို

ဇာတ်လမ်းဇာတ်ကွက်ကောင်းတာကိုတော့ တကယ်မချီးကျူးဘဲမနေနိုင်လောက်အောင်ပါဘဲ။

ဒီကားလေးဟာလည်း ဇာတ်လမ်းအစကနေအဆုံးထိတောက်လျှောက်ဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့

တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တည်းကဆုံးပါးသွားတဲ့

အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း တစ်ဦးတည်းသောညီမလေးကိုအချစ်တွေတိုးလို့ချစ်ခဲ့ရတဲ့

ရွာသူကြီးအစ်ကိုကြီးတစ်ဦး၊ အစ်ကိုကြီးစကားဆိုတစ်‌သွေမတိမ်းနားထောင်တဲ့ညီမလေးအနေနဲ့

အစ်ကိုကြီးအိမ်ထောင်ဖက်အသစ်ရှာပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံဖို့စဉ်းစားရင်း၊

ဘယ်လိုကနေဘယ်လို မြို့ပေါ်ကလူဆိုးဂိုဏ်းတစ်ခုနဲ့ပါရင်ဆိုင်သွားရမယ်၊

ဘယ်နေရာမှဘယ်လိုဇာတ်လမ်းဇာတ်ကွက်လှည့်သွားမလဲဆိုတာကို

တော်တော်ကြည့်ကောင်းမယ့်ကားလေးကတော့ Annaatthe 2021 ပဲဖြစ်ပါတယ်

 


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com