American Sicario (2021)

MM Sub


ကြမ်းမယ့်ရမ်းမယ့် မူးယစ်ဆေးကုန်သည်ဂိုဏ်းစတားတစ်ယောက်အကြောင်းပါဝင်တဲ့ American-Sicario 2021

ဒီမူးယစ်ဆေးကုန်သည်လောကမှာ သစ္စာတရားက အရေးအကြီးဆုံးဆိုပေမဲ့ သစ္စာတရားကြောင့်ပဲ မိသားစုတွင်း 

 ပြဿနာတွေဖြစ်ရတဲ့အခါ ဘယ်လိုမျိုး ဖြေရှင်းကြမလဲဆိုတာ ကြမ်းကြမ်းရမ်းရမ်း ကြည့်ရမယ်ဗျာ..။

ဇာတ်လမ်းဇာတ်အိမ် Storyline ကတော့ သာမန် ဇာတ်ကောင်ကိုပဲ အသားပေးထားတဲ့ ပြည့်စုံမှုတွေနဲ့ လွန်ကဲနေတဲ့ အဓိကဇာတ်ကောင်မျိုးနဲ့တော့ မတူဘူးဗျ..။

ကြမ်းမယ်ရမ်းမယ် အမှားတွေလည်း လုပ်မိတဲ့ လူကြမ်းကြီးပေါ့ဗျာ..။

(ကြမ်းကြမ်းတမ်းတမ်းဆဲဆိုတဲ့စကားလုံးတွေနဲ့ 18+ ဆန်တဲ့ တစ်ခန်း နှစ်ခန်းပါလို့ မိသားစုနဲ့အတူတော့ မကြည့်သင့်ပါ..။)

လုပ်ငန်းချဲ့ထွင်ချင်တဲ့ လောဘ..။ လူပေါင်းမှားမိတဲ့ အမှားတစ်ခုနဲ့..။

မလုပ်ချင်ပေမဲ့လည်း လုပ်မှဖြစ်မယ့်
ရက်စက်တဲ့လုပ်ရပ်တစ်ခုကို လုပ်ခဲ့ရတာကြောင့် ဖြစ်လာရတဲ့ အမုန်းတရားတွေကို ကျေကျေနပ်နပ်ကြီး ပြန်ပေးဆပ်ရဲတဲ့
ဂိုဏ်းသမား ဆေးကုန်သည် ဖက်တီးတစ်ယောက်အကြောင်းကို မြင်တွေ့ရမှာဖြစ်ပြီးတော့..။

မက္ကဆီကိုဒေသရဲ့ နောက်ခံရှုခင်းတွေ..။ ဆွဲဆောင်မှုပြင်းပြင်းနဲ့ အလန်းစား အညိုစင် မိန်းကလေးတွေ..။

ဗီိလိန်ရဲ့ နောက်ကွယ်ဘဝဇာတ်ကြောင်း စုံစုံလင်လင်နဲ့..။

မိသားစုအတွက်လို့ တဖွဖွပြောနေခဲ့တဲ့သူတွေ ​ကိုယ်ခက်ခဲချိန်မှာ ဘယ်ရောက်ကုန်ကြသလဲ..။

သွေးမတော်ပေမဲ့လည်း နောက်ဆုံးအချိန်ထိ ကျန်နေတဲ့လူက ဘယ်နှယောက်များ ရှိနိုင်ဦးမလဲဆိုတာ ဖန်သားပြင်ထက်မှာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ..။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com