Ajab Prem Ki Ghazab Kahani (2009)

MM Sub

Ajab Prem Ki Ghazab Kahani ဆိုတာ ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့

နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ်


 
Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိဆုံးဖြစ်တဲ့ Ranbir Kapoor နဲ့ Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူတွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါတယ်
2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင်တစ်ကား blockbuster လို့လည်း ပြောကြပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ

ပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တဲ့ ပရမ်ဟာ သူ့အဖေရဲ့ မကြည်လင်တာလည်းခံရပြီး ခဏခဏ ဆူခံထိပါသတဲ့
တစ်နေ့ပရမ်ဟာ သူငယ်ချင်းအတွက် မိန်းမခိုးပေးရင်း ဂျန်းနီနဲ့ ဆုံတွေ့ခဲ့ပါတော့တယ် ပရမ်တစ်ယောက် ဂျန်းနီကိုတွေ့ပြီးနောက်မှာ အရူးအမူးဖြစ်ခဲ့ပြီး သူ့ဘဝကြီးကို ဂျန်းနီအကြိုက်လိုက်နေပေးခဲ့ပါတော့တယ်
ဒါပေမဲ့ ပရမ်ဟာ အဆင့်အတန်းကွာခြားမှုကြောင့် ဂျန်းနီကို ဖွင့်ဟမပြောရဲခဲ့တော့ friend zone ထဲမှာပဲ အကြာကြီးပိတ်မိနေခဲ့တာပေါ့

နောက်ဆုံးမှာရော ဂျန်းနီဟာ ပရမ်ရဲ့ပေးဆပ်ချစ်ကို အသိအမှတ်ပြုလာမလား ပရမ်ကရော ဂျန်းနီကိုရဖို့ ဘယ်လိုပေးဆပ်မှုတွေလုပ်ခဲ့ရလဲ ပရမ့်ရဲ့ မေတ္တာတွေက ရောင်ပြန်ဟပ်လာပါ့မလား

မိဘတွေရဲ့ မေတ္တာတရား အပေါင်းအသင်းတွေကြားက သံယောဇဉ် နဲ့ သူငယ်ချင်းတွေကြားက တစ်ဖက်သတ်အချစ်ကို ပုံဖော်ထားတဲ့ ဒီဇာတ်ကားလေးဟာ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ဖို့အတွက် CM ပရိသတ်ကြီးကို တိုက်တွန်းလိုက်ပါတယ်နော်။

 


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com