Japan Anime ကားဖြစ်တဲ့
Your name ကို Inspiration ယူထားပုံရတဲ့ တမီးလ်အချစ်ဇာတ်လမ်းလေးပါပဲ။
တမီးလ်အချစ်ကားလေးတွေ ဘယ်လောက်ရိုလဲကတော့သိပ်ညွှန်းနေစရာလည်း
လိုမယ်မထင်ပါဘူး။
၂၀၁၄ ခုနှစ်က ဗန်နလာဆိုတဲ့ကောင်မလေးနဲ့
၂၀၁၉ ခုနှစ်က ကောင်လေးဆူရာတို့ဟာ
Time slip (အချိန်ချွတ်ချော်တိမ်းစောင်းမှု) ဖြစ်နေတဲ့ sim card လေးတစ်ကတ်ကနေ ဆက်သွယ်မိသွားကြပါတယ်။
မမြင်ရတဲ့ ဆက်သွယ်မှုတွေကြားမှာ
သူတို့တစ်ယောက်ကိုတစ်ယောက် ငြိတွယ်သွားကြမလား
တစ်ယောက်အခက်အခဲကို
တစ်ယောက်ဖြေရှင်းနိုင်မလား
ဒီကိစ္စတွေရဲ့အစ ဆင်းကတ်လေးကရော ဘာလို့ Time Slip ဖြစ်သွားရတာလဲ၊
၂၀၁၄ ကဗန်နလာလေးက ၂၀၁၉ ကဆူရာလေးကို တွေ့ခွင့်ရော ရမှာလား၊
ထူးဆန်းရှုပ်ထွေးလှတဲ့ဇာတ်ကွက်တွေကို တစ်ကွက်ချင်းဘယ်လိုရှင်းချသွားမလဲဆိုတာ
စိတ်ဝင်တစားနဲ့ မျက်တောင်မခတ်တမ်း ရင်တဖိုဖိုကြည့်ရမယ့်ဇာတ်ကားကောင်းလေးပါ..။
| Option | Download | Watch Live |
|---|---|---|
| Link1 |