A Man Apart (2003)

MM Sub

2003 ခုနှစ်က Vin Diesel ရဲ့ မူးယစ်ဆေးအက်ရှင်ဒရမ်မာ ဇာတ်ကားတစ်ခုပါ။ မင်းသားကြီးရဲ့ နုပျိုလန်းဆန်းတဲ့ ရုပ်သွင်ကို မြင်တွေ့ရမှာဖြစ်ပြီး ထိုခေတ် ထိုအခါက လူမည်းဗန်းစကားတွေနဲ့ တစ်ကားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆဲဆိုနေပြတာကိုလည်း တွေ့ရပါမယ်။ 

 

တစ်ယောက်နဲ့ တစ်ယောက် ချစ်စနိုးနဲ့ ခွေးကောင် လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ဘာသာပြန်ပြီး ရေးကြည့်တဲ့အခါမှာ အရုပ်ဆိုးအကျည်းတန်နေလို့ ဒေါ့ဂ် လို့ပဲ သုံးနှုန်းထားပါတယ်။

မက္ကဆီကို ကိုလံဘီယာ ကနေပြီး ကမ္ဘာ့အကြီးဆုံး မူးယစ်ဆေးတင်ပို့မှုလမ်းကြောင်းကို ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားလို့ မူးယစ်ဆေးဈေးကွက်ရဲ့ တန်ဖိုးနဲ့ပမာဏကို တအံ့တဩဖြစ်ရမှာပါ။ 2003 ခုနှစ်က ဇာတ်လမ်းဖြစ်လို့ အဲဒီပမာဏထက် အခုလက်ရှိမှာ ဘယ်လောက်ထိပိုနေမလဲ တွေးမိရင် ကြက်သီးထဖွယ်ပါပဲ။ ကယ်လီဖိုးနီးယား သင်္ဘောဆိပ်တွေကနေ တစ်လကို မက်ထရစ်တန် ရာချီပြီး အမေရိကားနိုင်ငံထဲကို ရဲလက်ကလွတ်‌အောင် ကိုကင်းတွေ တင်သွင်းနေတာတွေကိုကြည့်ရတာ စိတ်လှုပ်ရှားဖွယ်ကောင်းပါတယ်။

ဇာတ်လမ်းကျောရိုးကတော့ ရိုးရှင်းပါတယ်။ အဓိကဘော့စ်ကြီးကို ကိုယ်ထိလက်ရောက် ဖမ်းပေးလိုက်မိတဲ့ မူးယစ်နှိမ်နှင်းရေးလျှို့ဝှက်တပ်ဖွဲ့ဝင် Sean Vetter (Vin Diesel) ကို ထောင်ကျသွားတဲ့ မူးယစ်ရာဇာကြီးက ဘယ်လို မျိုး ဘဝပျက်အောင် လက်စားချေမလဲ။ Sean ကလည်း ဒေါ်လာဘီလီယံချီလုပ်ငန်းကြီးတစ်ခုကို ဘယ်လိုရင်ဆိုင် ယှဉ်ပြိုင်တိုက်ခိုက်မလဲ ဆိုတာ ကြည့်ရှုခံစားရမှာပါ။

[ အဖော်အချွတ်ခန်းတွေ ဆဲဆိုရိုင်းစိုင်းတာတွေ ပါတဲ့အတွက် မိသားစုနဲ့တော့ အတူမကြည့်သင့်ပါဘူး ]


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com