The Harder They Fall (2021)

MM Sub

MDb Rating – 5.5/10ရုပ်ရှင် နာမည်ကတော့ the harder they fall ပါ။ အပြည့်အစုံဆိုရင်တော့ the bigger they are, the harder they fall ပေါ့။အကောင်ကြီးလေလေ အကျနာလေလေ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ပိုပိုင်ဆိုင်တဲ့သူတွေက ပိုပြီးဆုံးရှုံးတတ်တယ်လို့လည်း ပြောလို့ရပါတယ်။
ဒီရုပ်ရှင်ကတော့ ကောင်းဘွိုင်ဇာတ်လမ်းပါပဲ။ ဒါကိုမှ လူမည်းတွေအများစုနဲ့ အဓိက ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့
သူတို့တကယ်ရှိခဲ့ကြပါတယ်လို့ ဇာတ်လမ်းအစမှာ စာတန်းထိုးထားခဲ့ပါတယ်။ကောင်းဘွိုင်ရုပ်ရှင်အများစုဟာ လူဖြူကြီးစိုးတာကြောင့် လူမည်းတွေချည်းပဲ တမင်ရိုက်ကူးခဲ့ပုံပါပဲ။ 



ဒါပေမဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ပါပဲ။ဒီရုပ်ရှင်က ဂန္ဓဝင်တော့မဟုတ်ပေမဲ့ ဖျော်ဖြေရေးအနေနဲ့တော့ တာဝန်ကျေပါတယ်။ ပစ်ခတ်ခန်းတွေလှတယ် ကြမ်းတမ်းတယ်။ဇာတ်လမ်းကတော့ သိပ်မထူးခြားလှပါဘူး။ သရုပ်ဆောင်တွေကတော့ ဆရာကြီးတွေ ခေါ်သုံးထားတာပါ။ Idris Alba, Regina Kingတို့လို နာမည်ကျော်တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူးဖက်ဘက် ဆိုတဲ့ နာမည်ကျော်လူဆိုးကြီးသတ်ခဲ့တဲ့လူတွေထဲက လင်မယားနှစ်ယောက်ရဲ့ သားလေး နသန်နီရယ် လက်ဗ် က သူ့ကိုလက်စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်းပါပဲ။ နသန်နီရယ်မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိပြီး ရူးဖက်စ်မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိတယ်။ နှစ်ဖွဲ့လုံးမှာ ဖိုက်တာကြီးတွေပါတယ်။ အားပြိုင်ကြအပြန်အလှန်သတ်ကြတယ်ပေါ့။ ကောင်းဘွိုင်ကားတွေနဲ့ အက်ရှင်ကားတွေ ကြိုက်သူတွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com