The Aftermath (2019)

MM Sub
Aftermath ဆိုတာ စစ်ပြီးစ အခြေအနေလို့ အဓိပ္ပါယ်ဖွင့်ရမှာပေါ့။
မိသားစုတွေဆုံးရှုံးရတယ်…
နာကျင်ခံစားရတယ်…
ချစ်တဲ့သူတွေနဲ့ ခွဲခွာကြရတယ်…
အစစအရာရာကို ပြန်လည်တည်ဆောက်ဆဲကာလတစ်ခုပဲ။လူးဝစ်က မဟာမိတ်အဖွဲ့က ကာနယ်တစ်ယောက် ။ စစ်ကြီးပြီးတော့ ဂျာမနီကို လာအုပ်ချုပ်တဲ့အချိန်မှာ သူ့ဇနီးရေချယ်ကိုပါ ခေါ်လာခဲ့တယ်။
သူတို့နေရမယ့်အိမ်က ဂျာမနီလူမျိုး ပညာတတ်တစ်ယောက်ရဲ့အိမ်မှာ…
စစ်ကြီးပြီးတော့ နိုင်သူအကုန်မှန်ပေါ့။



ဒါပေမဲ့ လူးဝစ်က ဖြောင့်မတ်ပြီး လူကြီးလူကောင်းပီသတဲ့သူတစ်ယောက်။ အိမ်ရှင် မစ္စတာလူးဘတ်ကိုလည်း လေးလေးစားစားဆက်ဆံတယ်။ ဂျာမန်လူမျိုးတွေအပေါ်လည်း အနိုင်မကျင့်ပဲ ညှာတာစွာအုပ်ချုပ်ပေးတယ်…
ဒါပေမဲ့ စစ်ဖြစ်ထားကြတာဆိုတော့ တစ်ဖက်နဲ့တစ်ဖက် လွယ်လွယ်မပြေနိုင်တဲ့ အမုန်းတရားတွေဟာ သူ့ဇနီးက ဂျာမန်တွေကို ကြည့်မရတော့တာက စပြီး သူ့ခင်ပွန်းကို မကျေမနပ်တွေစဖြစ်လာတော့တယ်။လူတစ်ယောက်ကို မုန်းဖို့ အချိန်ဘယ်လောက်လိုသလဲ။
လူတစ်ယောက်ကို ချစ်မိသွားဖို့လည်း အချိန်ဘယ်လောက်လိုပါသလဲ။
ချစ်ခြင်းနဲ့ မုန်းခြင်းကြားက စည်းက တကယ်တမ်းတော့ ပါးပါးလေးပဲ။
အဲဒီစည်းကို ကျော်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ကို ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း
” အမုန်းဆုံးတော့ အချစ် ” ပါပဲ။(မင်းသမီးချော ကီရာနိုက်တလေရဲ့ 18+ ခန်းအချို့ပါဝင်တာမို့ မိသားစုနဲ့အတူမကြည့်ရှုသင့်ပဲ တစ်ကိုယ်တည်း သေချာခံစားကြည့်ရှုရမယ့် Drama ကားကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းပေးလိုက်ရပါတယ်…)

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com